Sunday, August 30, 2009

ထိတွေ့  သာယာမှုက
ချစ်ခြင်းအစစ်တွေလား
ငါသည် ငါဖြစ်နေနေသေးသည့် အတွက်
ငါကချစ်မိနေခြင်းပင်

သူသည် သူ့ ဧ။်စိတ်အလိုအတွက်
စကားလုံး များစွာဖန်တီးနေခဲ့
နားနဲ့ နှလုံးသား
တစ်ခြားစီဖြစ်နေဧ။်

အရိုးသားဆုံးကျိန်စာ
အမှန်ကန်ဆုံးသောစကား
ငါလိုသည်ကား
သူ့  နှလုံးသားသာ

သြဂုတ်လ ၂၉ ရက်နေ့  ည အမှတ်တရ

Saturday, August 29, 2009

ညတွေက
တိတ်ဆိတ်မှုတွေအောက်မှာ
တေးသံတွေသာယာနေပုံများ
ချစ်သူတွေနဲ့ တူတယ်

တစ်ခါတစ်ခါ
သူတို့ ကျီစယ်နေတာက
ချစ်သူအရင်းကြီးတွေအတိုင်းပဲ
ပုံစံမပျက်ဘူး

ပြဌါန်းခံသူတွေ ဘ၀ကနေ
ဘုံတစ်ခုမှာ
ငွေအသပြာကိုအလျှော်အစား လုပ်လို့ 
သူ့ ကိုဝေဖန်မိ
ချစ်သူ အစစ်ကြီး လို

ဖြစ်တည်မှုဝါဒီ တွေရဲ့
အရောင်းအ၀ယ် ကြားမှာ
ချစ်သူကို
ချစ်သူလိုသဘောမထားနိုင် တဲ့အကြောင်း ပြချက်



...............အိပ်မက်တွေ လန့် နိုးကုန်ပါရော.......................

Thursday, August 27, 2009

ညီမလေးရေ
စက္ကူရတုနေ့ ရက် အတွက်
အမှတ်တရက
အသည်းကွဲတဲ့နေရာ

ကြည့်.......ခုဆို
အသစ်တွေက
အသစ်တွေနဲ့ အတူ
အသစ်တွေဖြစ်လို့ 
တို့ တွေ
မနက်ဖြန်ကို
သစ်လွင်ဖို့ 
တံခါးတစ်ချပ်
လှစ်ကြရအောင်လေ

အင်းလျားအလှ
အင်းလျားည
အင်းလျားဘဝ
အင်းလျားသစ္စာ
သူသာ ချစ်သူတို့ ရဲ့အရှင်
ငါတို့ ရဲ့ သခင်
အားလုံးရဲ့မေတ္တာရှင်

ညီမလေးရေ
စိတ်တို့ စေစားမှုမှာ
ယုံတမ်းတွေနဲ့ ဝေးစေ
စိတ်တို့ ခရီးအနှင်မှာ
ပုံပြင်တွေကိုနားလည်စေကွယ်

မနက်ဖြန်တွေနဲ့ 
ခင်မင် ခွင့် ရနေသေး သရွေ့ 
နေ့ ရယ် ညရယ်
နွေ၊ မိုး ၊ဆောင်းရယ်
မွေးဖွါးတာရယ်
သေသွားတာရယ်
နာရီတွေရယ်
သူရယ်ကိုယ်ရယ်
အချစ်ရယ်အမုန်းရယ်
ဟောဒီကမ္ဘာကြီးရယ်
ပြီးတော့
ဟန်ဆောင်ခြင်းတရားတွေရယ်
အကျွမ်းတ၀င်ရှိနိုင်စေကွယ်
။။။။။။။။။။။။။။အမှားအမှန်ရှိတတ်စေရယ်။။။။။။။။။။။



စက္ကူရတုနေ့ အမှတ်တရ သြဂုတ်လ ၂၆ ရက်နေ့ သို့ 
အမှတ်တရတွေ ချန်ထားခဲ့ချင်သူပါကွယ်
ဘယ်လောက်များ နုနယ်နေသလဲလို့ 
ဘယ်တုန်းက တွေးသေးမိလဲ
အချိန်တွေလေလွင့်ပေါ့

ငါတို့ တွေ့ နေကြတာက
နာရီတွေအတွက်အကျိုးရှိကြပါ့မလားနော်
နာကျင်တယ်အချစ်ရယ်

ဒီထက် ရင်ကွဲပက်လက် ဖြစ်ရပ်
ဘယ်သူတွေများ.........ကြုံကြရ
အသေချာဆုံးသော
မနီးစပ်နိုင်ခြင်းတရားများ

ယှဉ်တွဲထိုင်နေပါလျက်
ဘက်မညီတဲ့ကံတရား
သရော်နေလား
မဲ့နေတာလား
သူ
ပြုံးနေတာလား


စိတ်တို့ ကဆုန်ပေါက်ပြေးလွှားကြ

..........ဟေး...........
နေရောင်အောက်မှာ
....................ပန်းတွေ ဘယ်နေ့ ပွင့်ကြမှာလဲ............။ ။



သြဂုတ်လ ၂၆ ရက်နေ့  အမှတ်တရ ဒေါ်လာ

Monday, August 24, 2009


သူ့ ကိုလောင်နေတဲ့မီးက ကိလေသာတဲ့
ညတစ်ညဟာ
ကြမ်းတမ်းတဲ့ စုတ်ချက် တွေကြောင့်
................နက် သည်ထက်...........
................နက်........................
စိတ်ရဲ့အဟာရလိုအပ်မှုတွေ
....................အထိအတွေ့ ကိုပဲ ဆာနေခဲ့တာတဲ့လေ.................
အပေးနှင့်အယူ
အတုနှင့်အစစ်
ဒီနေ့ နှင့် မနက်ဖြန်
မွေးဖွါးခြင်းနှင့်သေဆုံးခြင်း
သံသရာ..........များစွာ


သြဂုတ်လ ၂၂ ရက်နေ့  သုခ အမှတ်တရ


လှည်းတန်းက ထမင်း စားပွဲအကြောင်း
မမေ့နိုင်သေးတဲ့ အချစ်ဟောင်းအကြောင်း
အနည်မထိုင်သေးတဲ့ တပ်မက်မှုတွေအကြောင်း
အလိမ်အညာမဲ့ စကားတွေအကြောင်း
သစ္စာမဲ့ စကားစုတွေအကြောင်း
နှုတ်ခမ်းနီမလေးတွေရဲ့ လိုအပ်ချက်နှင့်
မီးတောက်နေသူတို့ အကြောင်း
ငါဧ။်နားတို့ 
တစ်နေရာရာကို သွားရောက်ရန်
ငါကိုယ်တိုင်
ညွှန်ကြား လိုက် ပြီ တည်း။



သြဂုတ် လ ၁၇ ရက်နေ့ အမှတ်တရ

Wednesday, August 19, 2009

အကြိမ်ကြိမ်မှားနေသူတစ်ယောက်ပါလို့ ဝန်ခံတယ်..................

မသေချာမရေရာတဲ့ခရီးတစ်ခုအပေါ်
အခါခါလျှောက်ဖြစ်နေခဲ့တာကလည်း
မရောက်တာကြာလို့ ပါလမ်းကလေးရေ။ ။

သူပြောပြနေတဲ့ဇတ်လမ်းတစ်ပုဒ်က
သူနဲ့ အတူလွမ်းမောစရာကောင်းတယ်
သူတွေးနေတဲ့အတိတ်တစ်ခုက
သူနဲ့ အတူရူးသွပ်မိစေတယ်။ ။

သူက ငါ့ရဲ့အမျှင်ရယ်..........................လေ
သူကငါ့ရဲ့ကဗျာတစ်ပုဒ်ရယ်.................လေ
သူကငါ့ရဲ့မိုးသောက်ယံအိပ်မက်ရယ်.....လေ။ ။

သြဂုတ်လ ၁၇ ရက်နေ့  ည သို့ 

Saturday, August 15, 2009

ထိန်းသိမ်းပါတယ်ဆိုတဲ့ ကတိ.... ချမှတ်ထားပါတယ်ဆိုတဲ့အမိန့် ... အမျှင်တစ်ခုအပေါ် ဖီဆန်လို့ မရခဲ့ဘူးမဟုတ်လား......... နောင်တတွေတစ်ပုံတစ်ပင်နဲ့  မှားခဲ့ပါတယ်ဆိုရင် နောက်တစ်နေ့ မှာ နင့်ကို အသစ်တစ်ယောက် အနေနဲ့ ပဲ မြင်တွေ့ ပါရစေ...............မေငယ်။


ပုံပြင်တစ်ပုဒ်အတွက်
ခေတ္တ...လှည်းတန်း

Sunday, August 9, 2009

ဒီနေ့ ပဲ
ငါ့ကိုယ်ငါ သစ္စာမဲ့ခဲ့

အချစ်ဟာ တကယ်ပဲ လူတွေကိုမူးယစ်စေတာပဲလား
ဘာမှမသိချင်ဘူး
ရူးမတတ်ချစ်တယ်