Sunday, December 13, 2009

လမ်းပေါ်ခြေရာထင်ကျန်စေသူ


ကောင်းကင်မှာ ပျံသန်းရင်း
ကောင်းကင်ပျောက်နေတဲ့ငှက်တစ်ကောင်
ဖြစ်နေသင့်သလားချစ်သူ

ကျွန်မက
ချစ်သူကိုမေးမိခဲ့တယ်
ဒါပေမယ့်ကျွန်မဟာ
ဆွဲဆောင်နိုင်စရာတစ်ခုမှမရှိသူတစ်ယောက်ဖြစ်နေခဲ့ပြီး
လူသူမသိတဲ့ အပူတွေနဲ့ နေ့ စဉ်ငိုနေရသူလည်းဖြစ်နေခဲ့ပါတယ်
ဒီအတွက်
ကျွန်မစကားက
ဘ၀င်မြင့်တဲ့အသိုင်းအ၀ိုင်းဆန်လေနေမလား

ကျွန်မက တစ်ဦးတစ်လေကိုမျှ
မကယ်တင်ဖူးသေးတဲ့ မာသာထရီဇာဖြစ်နေပြန်ခဲ့ပေါ့
ဒါနဲ့ ပဲ
မော်ဒန်အရေးအသားတွေကို အားကျတတ်လေတော့

ဟေ့......ဒီမှာခလေးမ မြန်မာတစ်နိုင်ငံလုံးဘာတွေဖြစ်နေတုံး အားလုံး ပူပန်ဆင်းရဲတွေကြုံနေရချိန်မှာ ငါက အနုပညာသမားပါဆိုတာပြောရအုံးမလား
ဆရာဇော်ဇော်အောင်ပြောစကား
ခံစားလိုက်ရတာလေ


ဒါပေမယ့်ချစ်သူကိုပဲချစ်နေခဲ့

ကျွန်မဟာ
၂၀၁၀ ရုပ်ရှင်ကိုမကြည့်ရဲတဲ့
သတင်းသမားတစ်ယောက်ဖြစ်တယ်လို့ 

ရဲရဲကြီးဝန်ခံလိုပါတယ်ချစ်သူ

မခွဲနိုင်လို့ ပါကွယ်

ကြည့်....ဒါကိုပဲ
ကျွန်မက ရူးသွပ်နေသတဲ့

ပုထုစနောဥမ္မတကောရယ်





Monday, December 7, 2009



ဘ၀ဆေးစက်များ


စက်တင်ဘာ ၉ ရက်
ရတနာ
စက်တင်ဘာ ၂၁ ရက် အစိမ်းရောင်
စက်တင်ဘာ ၂၇ ရက် ကျောက်မျက်
အောက်တိုဘာ ၁ ရက် အစိမ်းရောင်
နိုဝင်ဘာ ၅ ရက် အစိမ်းရောင်
နိုဝင်ဘာ၁၄ ရက် အိပ်မက်ကမ္ဘာ
နိုဝင်ဘာ၂၂ ရက် အိပ်မက်ကမ္ဘာ
နိုင်ဝင်ဘာ၂၆ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ ၁ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ၅ ရက် သင်းပျံ့ ပျံ့ 
ဒီဇင်ဘာ ၁၀ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ ၁၃ ရက် အိပ်မက်ကမ္ဘာ

ကြည့်ကြပါအုံး ရာဇင်ဝင်ရေ
သမိုင်းပေါ်မှာနင်တင်ခဲ့တဲ့အကြောင်းအရာတွေက
သူလိုလူတစ်ယောက်ရဲ့
လျှို့ ဝှက်ချက်တွေအောက်မှာ
ချုပ်ငြိမ်းခဲ့ရမတဲ့လား

တိမ်စိုင်တွေကို
အိပ်ယာလုပ်ပြီး
စိတ်ကူးတွေကို မော့သောက်နေတာလား

မင်းဟာ
အသုံးချခံရသူတစ်ယောက်........တဲ့
မင်းဟာ
အလှည့်စားခံနေရသူတစ်ယောက်....တဲ့


လောကရေ
ချစ်သူနဲ့ ဘ၀ကြားမှာ
ဆေးစက်တွေကတော့......................ကြမ်းတစ်လှည့်နုတစ်ခါ