Sunday, November 18, 2007

ကြိုး

အသံသြသြပင်လယ်မှာနွေဦးစံပါယ်တွေဖွေးဖွေးထ
စိတ်တသုန်သုန်ကိုယ်စီဖွင့် ခွက်လှည့်ကြပြီ
စနေထောင့်ကဇင်ယော်တေါဆိုနေတာဘာသီချင်းပါလိမ့်
ငါတို့လွမ်းရ
မောရ
စက်ဆုတ်ဖွယ်လောကီအာဟာရများချိုမြိန်စွ
ရေမျောပုလင်းထဲကကဗျာတွေနဲ့ ပင်လယ်ကိုပါးလေးပွတ်
ချော့ကြည့်တယ်
ခရုအသေတွေနဲ့ငါတို့ရဲ့စိတ်ဖြေရာများ
ဘီယာဘူးခွံထဲကနင်ငါ့ပဲတင်ရေဒီယိ
ငပလီရေ
အချိန်တန်တော့အိမ်အပြန်ခက်ခဲ့ရပါတယ်

၂၀၀၄

သင်းကွပ်ခံဥယျဉ်တော်မှာမန်းမရှိ
ဇတ်ကားမလဲတာ ၂၆ နှစ်
တုန်ခြင်းမှုန်ခြင်းသည်းခံနေရတာ ၁၆ နှစ်
နေ့စဉ်အရပ်ပုကြ
တွားသွားကြ
သားမွေးကြ
ကျွ်တော်တို့အထက်ကဆွေးမျိုးများ
ကျွန်တော်တို့အော်ကကဆွေမျိုးများ
နေသားတကျအမှောင်ဟာကိုယ့်အိမ်ယာပေပဲလား
လူဖြစ်ဟာအသံတိုးလှချည်ရဲ့အမေ

နိုင်ငံတော်အသစ်
ငွေကြေးသစ် ရာစုသစ် ကုန်စည်သစ်
နည်းပညာသစ်
လူ့ဖြစ်တည်မှုအသစ်
............................
............................
အစ်တကာ့အသစ်များ
အားလုံးမင်္ဂာပါ
ကမ္ဘာကြီးတဒီးဒီးနဲ့လည်နေသံနားစိုက်ကြ
ဟိုဖက်ကမ်းကမိးထိန်ထိန်ကို
စိတ်နဲ့လှမ်းခူးမိတဲ့အခိုက်
အခါခါသေထားတဲ့ ကျွန်တော့်အရိုးတေါစမ်းမိတယ်

အမေ
အမေ
အိပ်မက်တွေဆိုးလိုက်တာ အမေ
သန်းခေါင်ကျော်ပြီလို့ထင်ပါတယ်
မီးခလုတ်ဖွင့်ပေးပါအမေ

၁၉၈၈

တစ်တောတောင်လုံးလင်းတယ်
သစ်ရွက်ဆွေးပုံအောက်က ခရုတွေမျက်လုံးကန်းတဲ့အထိ
လင်းတယ်
ဇီးကွက် လင်းနို့နဲ့ ကြွက်အချို့
အဟာရပြတ်သေပွဲ
နေလုံးကြီးလည်းအသံမထွက်တော့ဘူး
တောင်တန်း
တောအုပ် မြစ်ပင်လယ်
လက်ခမောင်းခတတ် ထစ်ချုံး ရုန်းကြွ နီစွေး ရဲရင့်
တင်ဆက်မှုကလှတယ်
သိခြင်းမသိခြင်းတွေ တစ်လှေထဲသင်းဖွဲ့ ဆန်တက်ကြ
အပေးအကမ်းကြီးကြီးမားမား
အဲဒီအလင်းထဲမှာ


တံခါးများဖွင့်ကြရဲ့
လမ်းမတွေသိမ့်သိမ့်ခါကြရဲ့
သာဓုမခေါ်ရဲတဲ့ မျကမ်နှာဖုံးတွေစိုလိုက်ခြောက်လိုက်
ငယ်နာမည်တွေတဝေါဝေါဆန့်ထွက်ကြရဲ့
ကောင်းကင်အပြည့်လက်ရုံးတွေ
လေးညို့ကိုင်ကြရဲ့
ကြည့်မှန်ထဲမှာတစ်ခြားလူအသစ်တစ်ယောက်ကို မြင်ကြရဲ့

`ဟိတ်´
ခေါ်လိုက်စမ်း
မုန်တိုင်းကိုလေချွန်ပြီးခေါ်လိုက်စမ်း
မိုးစက်ဖွဲဖွဲ
အဲဒီအလင်းထဲမှာ