Friday, June 22, 2007



စောင့်နေသူများ


ဟုတ်တယ် !

အားလုံးကံစီမံရာပါဘဲ

ပျော်ရာမှာမနေရ.......တဲ့

တော်ရာမှာနေရတာကလည်း

ကံစီမံရာဘဲပေါ့လေ….။

ကျွန်မအိမ်ကိုလွမ်းလှပေါ့ …..

ကျွန်မအဖေ့ကိုလွမ်းလှပေါ့…..

ကျွန်မအမေ့ကိုလွမ်းလှပေါ့…..

ရန်ကုန်မြို့ မှာ

မျက်လှည့်ပွဲတွေပြည့်နှက်…..

ရန်ကုန်မြို့ မှာ

ကာမဂုဏ်တွေပြည့်နှက်……

ရန်ကုန်မြို့ မှာ

ကံစီမံမှုတွေက..

အသွင်သဏ္ဍန်အမျိုးမျိုးနဲ့ 

ဟိုတစ်ဖက်ဒီတစ်ဖက်

ဒူးထောက်တောင်းပန်လို့ မရနိုင်ခဲ့

မနက်ဖြန်တွေအားလုံးကို

ကျွန်မကြိုဆိုနေရအုံးမယ် ….

ဒီနေ့ တော့

ထမင်းထက်…. သတင်းကရေးပါနေသလား ?

ထမင်းအတွက်….သတင်းကရေးကြီးနေသလား ?

ဝေခွဲဖို့ မတတ်ဘူး

ဘယ်လိုဘဲကြိုးစားကြိုးစား ….

အားလုံးကတော့..

တစ်နေ့ မှာ…ပြီးဆုံးသွားမှာပါပဲ

ဒီအတွက်လက်ချိုးရေတွက်စောင့်စားရင်းနဲ့ …….


ချစ်တတ်သူ


တွေ့ ဆုံကြပြီးပြီဆိုတာနဲ့ 

နှုတ်ဆက်ခွဲခွာကြရတာဟာ

ဓမ္မတာတရားတစ်ခုလို့ 

နှလုံးသွင်းထားတတ်သူပါ ။

သံယောဇဉ်ဆိုတာကလည်း

မတွယ်ဖို့ မတားနိုင်တဲ့အရာတစ်ခု !

ခက်တယ် …..

အမှတ်တရဆိုတာတွေက

နုငယ်တဲ့အရွယ်တွေမှာပဲ

ရှိသင့်တာတဲ့လေ

ခက်တယ် ……

ဘာပဲဖြစ်ဖြစ်

ကျွန်မမှာနှလုံးသားတစ်ခုရှိနေခဲ့တယ် ။

Thursday, June 21, 2007


သေချာတာက………….?


အားလုံး

သေခြင်းတရားကိုစောင့်ဆိုင်းနေကြ !

အသက်ရှင်ရပ်တည်ရေးခရီးရှည်

မိုင်တိုင်အတိအကျမသိရ………

အားလုံး

သေချင်းတရားကိုစောင့်ဆိုင်းနေကြ!

နေထိုင်ရေးအဆင်ပြေမပြေ

အိုကေတယ်အတိအကျမသိရ…….

အားလုံး

သေချင်းတရားကိုစောင့်ဆိုင်းနေကြ

အချစ်ရေးအဆင်ပြေမပြေ

ရေရှည်ဘယ်သူမှ အတိအကျမသိရ…

အားလုံး

သေချင်းတရားကိုစောင့်ဆိုင်းနေကြ

အိမ်ထောင်ရေးသာယာမှုရှိနိုင်မယ်

တကယ်အတိအကျမသိရ…………..

အားလုံး

သေချင်းတရားကိုစောင့်ဆိုင်းနေကြ

သူသူကိုယ်ကိုယ်မမြဲနိုင်တယ်

တိတိကျကျအနိစ္စ ။