Monday, February 11, 2008

သင်သေသွားသော်

သြော် . . . . လူ့ပြည်လောက၊ လူဘ၀တွင်
အိုရနာရ သေရအုံးမည် မှန်ပေသည်တည်း။ ။
သို့ပြီးတကား သင်သေသွားသော်
သင်ဖွားသောပြည် သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ ။ ။
သင်၏မျိုးသား စာစကားလည်း
ကြီးပွါးတိုးမြင့် ကျန်ကောင်းသင့်၏။ ။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။