Monday, March 31, 2008
မျိုချလိုက်.........အငြိမ်......
အချိန်တစ်ခုက
နံစော်ပုတ်သိုးနေတဲ့လက်တွေနဲ့ 
ဧပြီမှာကျင်းပမယ့်ပွဲတော်ရာသီကိုသွားမလို့ 
ဒီဦးနှောက်ကို ထိန်းမရဖြစ်တယ်..။
နာမည်လေး
တစ်လုံချင်းရွတ်ဆိုနေတာတွေ
ပြင်းထန်တဲ့ဗျာပါဒတွေ....ကို
ဟန်ဆောင်လိုက်ပြီး
မနက်ဖြန်တွေကို
အပိုင်းပိုင်းဖြတ်လိုက်တယ်........
ကြွေတာပဲအဲဒီသစ်ရွက်တွေ
ရန်ကုန်ကလည်း
အရောင်စုံပေါလောမျောနေ
ငါကလည်းဖန်ဆင်းခံနေရသယောင်
ဒီဖိနပ်တွေကိုအဆင်ပြေသလိုသာ ကြည့်စီးလိုက်ပါတော့
တစ်ခါတစ်ခါမှာ
အိပ်နေတာလောက်
အကုသိုလ်ကင်းတာရှိလို့ လား..။
ဘာသာဗေဒအသစ်နဲ့ 
မွေးဖွားပေးပါ...
ကျောခိုင်းသွားသူရဲ့ ကျောပြင်ကိုမကြည့်မိအောင်ထိန်း
ငါ့မျက်နှာကို
ငါ့ရှေ့ ပြန်ချထား
အဲဒါလည်းကြိုးစားမှုတစ်ခုပဲ....။
ဘာလို့ အော်ရမှာလဲ....လို့ 
ကုန်းပြီးအော်လိုက်တယ်
နှင်တံပေးမှ သွားရမတဲ့လား
အပိုင်းပိုင်းပြတ်နေတဲ့မနက်ဖြန်
လက်စသတ်တော့မြေပုံလည်းမရှိဘူး..။
အသက်ရှင်ရတာ တာဝန်အရလား
အအေးဒဏ်အတွက် နွေးထည်ဝတ်သလား
ပူအိုက်တဲ့တစ်နေ့ ခင်းစာအတွက်
လေအေးပေးစက်လိုသလား
အမှောင်ဆိုတာ အလင်းအတွက်
ကျိန်စာတစ်ခုဖြစ်တယ်...။
အင်းလျားကန်ပေါင်ပေါ်က
စက္ကူငှက်ရုပ်တစ်ရုပ်
ရေကန်ထဲ ထိုးကျသားတယ်...
နှုတ်ဆက်ခဲ့ပါတယ်ကျွန်တော်သွားတော့မယ်
လမ်းရဲ့ သယ်ဆောင်ရာ.....ဟို အဝေးကို
အဝေးကို
လွမ်းတတ်ရင်လည်းလမ်းမှာလဲလွမ်းတော့မယ်..........
........နက်စ်ကဖေးတစ်ခွက်....လည်ချောင်းထဲကိုခုန်ဆင်းသွားပါတယ်.......။ ။
အချိန်တစ်ခုက
နံစော်ပုတ်သိုးနေတဲ့လက်တွေနဲ့ 
ဧပြီမှာကျင်းပမယ့်ပွဲတော်ရာသီကိုသွားမလို့ 
ဒီဦးနှောက်ကို ထိန်းမရဖြစ်တယ်..။
နာမည်လေး
တစ်လုံချင်းရွတ်ဆိုနေတာတွေ
ပြင်းထန်တဲ့ဗျာပါဒတွေ....ကို
ဟန်ဆောင်လိုက်ပြီး
မနက်ဖြန်တွေကို
အပိုင်းပိုင်းဖြတ်လိုက်တယ်........
ကြွေတာပဲအဲဒီသစ်ရွက်တွေ
ရန်ကုန်ကလည်း
အရောင်စုံပေါလောမျောနေ
ငါကလည်းဖန်ဆင်းခံနေရသယောင်
ဒီဖိနပ်တွေကိုအဆင်ပြေသလိုသာ ကြည့်စီးလိုက်ပါတော့
တစ်ခါတစ်ခါမှာ
အိပ်နေတာလောက်
အကုသိုလ်ကင်းတာရှိလို့ လား..။
ဘာသာဗေဒအသစ်နဲ့ 
မွေးဖွားပေးပါ...
ကျောခိုင်းသွားသူရဲ့ ကျောပြင်ကိုမကြည့်မိအောင်ထိန်း
ငါ့မျက်နှာကို
ငါ့ရှေ့ ပြန်ချထား
အဲဒါလည်းကြိုးစားမှုတစ်ခုပဲ....။
ဘာလို့ အော်ရမှာလဲ....လို့ 
ကုန်းပြီးအော်လိုက်တယ်
နှင်တံပေးမှ သွားရမတဲ့လား
အပိုင်းပိုင်းပြတ်နေတဲ့မနက်ဖြန်
လက်စသတ်တော့မြေပုံလည်းမရှိဘူး..။
အသက်ရှင်ရတာ တာဝန်အရလား
အအေးဒဏ်အတွက် နွေးထည်ဝတ်သလား
ပူအိုက်တဲ့တစ်နေ့ ခင်းစာအတွက်
လေအေးပေးစက်လိုသလား
အမှောင်ဆိုတာ အလင်းအတွက်
ကျိန်စာတစ်ခုဖြစ်တယ်...။
အင်းလျားကန်ပေါင်ပေါ်က
စက္ကူငှက်ရုပ်တစ်ရုပ်
ရေကန်ထဲ ထိုးကျသားတယ်...
နှုတ်ဆက်ခဲ့ပါတယ်ကျွန်တော်သွားတော့မယ်
လမ်းရဲ့ သယ်ဆောင်ရာ.....ဟို အဝေးကို
အဝေးကို
လွမ်းတတ်ရင်လည်းလမ်းမှာလဲလွမ်းတော့မယ်..........
........နက်စ်ကဖေးတစ်ခွက်....လည်ချောင်းထဲကိုခုန်ဆင်းသွားပါတယ်.......။ ။
Sunday, March 30, 2008
မိမိကိုယ် ကိုယ် အပြစ်တင်ပါ........
လောကတွင် အကြောင်းကြောင့်ဖြစ်ပေါ်လာသောအကျိုးတရားများစွာရှကြလေသည်။
အဆိုပါ အကျိုးတရားများမှာမိမိဧ။်စိတ်အား ညစ်ညမ်းစေသောအရာ သို့ တည်းမဟုတ် ....... မည်သည့်ခံစားမှုမျိုးကိုမဆိုခံစားရသည်ဖြစ်စေ....
ဖြစ်ပေါ်လာသော အရာရာတိုင်းအတွက် ..မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်ပေသည်။