Saturday, May 15, 2010

မိမိလူဖြစ်လာရသည်ကိုအပြစ်တင်ရမည်လော..................
သို့မဟုတ်မပြည့်စုံသောဘ၀ကိုကြုံလာရခြင်းအပေါ်အပြစ်တင်ရမည်လော.........................မပြောတတ် ။
သေချာသည်မှာဤဘ၀ကိုလိုကိုမလိုချင်တော့ခြင်းပင်ဖြစ်သည်။

သူသည်အလွန်တရာရင့်ကျက်သောယောင်္ကျားအရင့်အမာကြီးပင်ဖြစ်လင့်ကစား
ဓနဂုဏ်ကြွယ်ဝပြည့်စုံလိုမှုကြီးမားသူဖြစ်ပေရာထိုယောင်္ကျားနှင့်ပေါင်းသင်းနေထိုင်ရသောသူမအဖို့မှာ
နေ့စဉ်ပင်ရင်အပူမငြိမ်းနိုင်ဖြစ်နေရသည့်အတွက် မပြည့်စုံသောဘ၀ကိုပင်အပြစ်တင်ရတော့မည်လောဟု
မစန္ဒာတွေးတောနေခြင်းပင်ဖြစ်သည်။

"မစန္ဒာ"
ရုတ်တရက်ကြားလိုက်ရသောခေါ်လိုက်သောအသံတစ်ခုကြောင့်သူမကနောက်သို့လှည့်ကြည့်လိုက်ဧ။်။
"ဟယ်....မမိုးရယ်....မတွေ့တာကြာပြီနော်၊အခုဘယ်ကလာတာလဲ"
မမိုးဆိုသောအမျိုးသမီးကမစန္ဒာအားခြေဖျားကစကာခေါင်းထိအံ့သြနေသည့်ဟန်ဖြင့်ကြည့်ကာအနည်းငယ်
မာသည်ထင်ရသောအသံဖြင့်မစန္ဒာကမေးသောစကားများကိုပြန်ပြောဧ။်။
"အိမ်ကအမျိုးသားလေ၊သူသင်္ဘောတက်တာ၅လရှိပြီ၊ငွေလွှဲလာထုတ်တာ၊ဒါနဲ့မစန္ဒာကရောဘယ်ကိုသွားမလို့လဲ"
မနိုင်မနင်းသယ်လာသော ဂျာနယ်များကိုကြည့်ကာသူကမေးခြင်းဖြစ်သည်။


Friday, January 15, 2010

အိမ်


မနက်ဖြန်တွေကို

ကြိုးနဲ့ သီလိုက်မိပြီ


အရောင်တွေတလက်လက်နဲ့ 
ရေတွေလိုစီးနေတဲ့
တံလျပ်တွေကိုတော့တွေ့ ရဲ့


အိမ်မက်မဟုတ်တာသေချာသွားတဲ့အခါ
ကြည်နူးမှုတွေနဲ့ 
တိုက်ပွဲတစ်ခုကိုရင်ဆိုင်ဖို့ 
ရဲရဲကြီးဆုံးဖြတ်


ချည်နှေင်ခဲ့တဲ့ကြိုး
မိုးပေးတဲ့အရိပ်
ပျိုးထားတဲ့သစ်ပင်
ရင်မှာသေရာပါ
သူ.......နေရာယူလေပြီ


၉.၁.၂၀၁၀ .......... အိမ် ၁၄.၁.၂၀၁၀.......ကြမ်းတပြေး

Sunday, December 13, 2009

လမ်းပေါ်ခြေရာထင်ကျန်စေသူ


ကောင်းကင်မှာ ပျံသန်းရင်း
ကောင်းကင်ပျောက်နေတဲ့ငှက်တစ်ကောင်
ဖြစ်နေသင့်သလားချစ်သူ

ကျွန်မက
ချစ်သူကိုမေးမိခဲ့တယ်
ဒါပေမယ့်ကျွန်မဟာ
ဆွဲဆောင်နိုင်စရာတစ်ခုမှမရှိသူတစ်ယောက်ဖြစ်နေခဲ့ပြီး
လူသူမသိတဲ့ အပူတွေနဲ့ နေ့ စဉ်ငိုနေရသူလည်းဖြစ်နေခဲ့ပါတယ်
ဒီအတွက်
ကျွန်မစကားက
ဘ၀င်မြင့်တဲ့အသိုင်းအ၀ိုင်းဆန်လေနေမလား

ကျွန်မက တစ်ဦးတစ်လေကိုမျှ
မကယ်တင်ဖူးသေးတဲ့ မာသာထရီဇာဖြစ်နေပြန်ခဲ့ပေါ့
ဒါနဲ့ ပဲ
မော်ဒန်အရေးအသားတွေကို အားကျတတ်လေတော့

ဟေ့......ဒီမှာခလေးမ မြန်မာတစ်နိုင်ငံလုံးဘာတွေဖြစ်နေတုံး အားလုံး ပူပန်ဆင်းရဲတွေကြုံနေရချိန်မှာ ငါက အနုပညာသမားပါဆိုတာပြောရအုံးမလား
ဆရာဇော်ဇော်အောင်ပြောစကား
ခံစားလိုက်ရတာလေ


ဒါပေမယ့်ချစ်သူကိုပဲချစ်နေခဲ့

ကျွန်မဟာ
၂၀၁၀ ရုပ်ရှင်ကိုမကြည့်ရဲတဲ့
သတင်းသမားတစ်ယောက်ဖြစ်တယ်လို့ 

ရဲရဲကြီးဝန်ခံလိုပါတယ်ချစ်သူ

မခွဲနိုင်လို့ ပါကွယ်

ကြည့်....ဒါကိုပဲ
ကျွန်မက ရူးသွပ်နေသတဲ့

ပုထုစနောဥမ္မတကောရယ်





Monday, December 7, 2009



ဘ၀ဆေးစက်များ


စက်တင်ဘာ ၉ ရက်
ရတနာ
စက်တင်ဘာ ၂၁ ရက် အစိမ်းရောင်
စက်တင်ဘာ ၂၇ ရက် ကျောက်မျက်
အောက်တိုဘာ ၁ ရက် အစိမ်းရောင်
နိုဝင်ဘာ ၅ ရက် အစိမ်းရောင်
နိုဝင်ဘာ၁၄ ရက် အိပ်မက်ကမ္ဘာ
နိုဝင်ဘာ၂၂ ရက် အိပ်မက်ကမ္ဘာ
နိုင်ဝင်ဘာ၂၆ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ ၁ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ၅ ရက် သင်းပျံ့ ပျံ့ 
ဒီဇင်ဘာ ၁၀ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ ၁၃ ရက် အိပ်မက်ကမ္ဘာ

ကြည့်ကြပါအုံး ရာဇင်ဝင်ရေ
သမိုင်းပေါ်မှာနင်တင်ခဲ့တဲ့အကြောင်းအရာတွေက
သူလိုလူတစ်ယောက်ရဲ့
လျှို့ ဝှက်ချက်တွေအောက်မှာ
ချုပ်ငြိမ်းခဲ့ရမတဲ့လား

တိမ်စိုင်တွေကို
အိပ်ယာလုပ်ပြီး
စိတ်ကူးတွေကို မော့သောက်နေတာလား

မင်းဟာ
အသုံးချခံရသူတစ်ယောက်........တဲ့
မင်းဟာ
အလှည့်စားခံနေရသူတစ်ယောက်....တဲ့


လောကရေ
ချစ်သူနဲ့ ဘ၀ကြားမှာ
ဆေးစက်တွေကတော့......................ကြမ်းတစ်လှည့်နုတစ်ခါ



Sunday, October 11, 2009


ရည်ရွယ်ရာ


ခေါက်ရိုးကျိုးအထပ်ထပ်
နေသားတကျဖြစ်စဉ်တွေကိုတွန်းထုတ်
..........ပြီး..........
အဆန်တွေချဉ်း......ငါမောင်းနှင်လာခဲ့
!!!!!ဘ၀ဟာ!!!!!
အလေ့ကျသစ်တစ်ပင်တော့မဟုတ်ဘူး
..........ဒါနဲ့ ..........
ပါလာတဲ့ဗီဇက
အနု အရင့်တွေကြား
ရှင်သန်လို့ 
ပေါပေါလောလောပေးတဲ့
ချစ်ခြင်းတို့ လည်း
သူ့ အတွက်
အဖိုးမတန်ပြန်ဆိုရော
ဝေဒနာတောထဲ
ဖူးလိုက် ပွင့်လိုက်ကြတဲ့
ကဗျာတွေ

Sunday, June 22, 2008/Posted by maynge at 9:54 AM



Sunday, October 4, 2009

တစ်ခုမှမရှိလေတဲ့ဘ၀တစ်ခုကိုငါပိုင်တယ်
အဲဒါက
ငါ့ဘ၀လည်းဖြစ်ရဲ့

အဖြစ်သည်းတယ်မဆိုပါနဲ့ 
ဒါဟာ
ရာသီတစ်ခုရဲ့ပန်းတစ်ပွင့်ဖြစ်နေ

ကံကြမ္မာနှစ်ခုကိုကြိုးနဲ့ သီဖို့ 
နှလုံးသားတို့ အလိုမှာ
ပျိုမျစ်မှုရယ်တွန့် ကြေမွတယ်

ရင်ဘတ်နဲ့ ကြားနာမယ်
ငါ.....ဦးနှောက် နဲ့  နှလုံးသားရှိ
လူသားစစ်စစ်ဖြစ်တယ်

တစ်ည.....ပြီးတော့.....တစ်ည.....ညတွေဟာ
တကယ်တော့
အလင်းကိုမျှော်သူသာ ဖြစ် တယ်



အမျှင်မဲ့နေ့ 
အောက်တိုဘာ ၃ ရက် ( လပြည့် နေ့  )


Saturday, October 3, 2009

အခွင့်တွေပဲ ရ ရ နေခဲ့
အရေးတွေပဲ ပေးခံနေရသတဲ့
.....လူသား.....


တောင်တွေနှင့်ပင်လယ်
တောတန်းနှင့်မြူတွေ
မိုးကြွင်း နှင်းထဲခုန်အဆင်းမှာ
မူးလိုက်တာလေ


မာနတွေနဲ့ ချိတ်ဆွဲခဲ့တဲ့ကဗျာ
အပြိုင်မရှိတဲ့စိတ်ကူး
ငါကပဲ ငါ့ဘုရင်
ငါ့ကိုယ်ငါပဲ စီမံမယ်


ချစ်လား................တဲ့
လေပြေတစ်ချက်တိုးဝှေ့ သွားခဲ့
အိမ်သူတံခါးတစ်ချပ်
ပန်းနုရောင်သမ်းရိပ်ပြလိုက်ချိန်



စက်တင်ဘာ ၂၇ ရက် ( ကျောက်မျက် )နှင့် အောက်တိုဘာ တစ်ရက်နေ့ 
( အစိမ်းရောင်) ကာလများဆီ

Friday, October 2, 2009

ဒါနဲ့ ပဲ
ငါးတွေကို လူတွေကမျှားလိုက်
ငါးတွေကအစာတွေကိုစားလိုက်
ငါးတွေကို လူတွေကမိလိုက်


လူတွေကငါးတွေနဲ့ တူလိုက်
လူတွေကငါးလိုကျင့်လိုက်
လူတွေကငါးနဲ့ နေသားကျလိုက်


ကြည့်စမ်း
လူတွေက ငါးတွေလိုပဲ
ငါးတွေလည်းလူနဲ့ တူသတဲ့

.............ချစ်သူ.................
ငါးလိုလူလား
လူလိုငါးလား
စဉ်းစားဖို့ အချိန်တန်ပြီ


Tuesday, September 22, 2009

အသည်းကွဲနေသည်ဟူသောစကားမှာ
အရွယ်တစ်ခုအတိုင်းအတာထက်ကျော်လွန်ပေသည်
ယင်းကိုတွေ့ မြင်နိုင်ဖို့ ရာ
ခင်ဗျားတို့ လည်းနှလုံးသားတစ်စုံရှိရန်လိုဧ။်

အိမ်ထောင်ရေးမဲ့အချစ်ကြောင့်
ဈေးကျနေသောသိက္ခာတရားကား
ရောင်းတန်းဝင်ပစ္စည်းတစ်ခုဖြစ်မလာနိုင်
လူတို့ ရပ်တည်ရာမြေပေါ်

အချပ်လိုက်ကွာကျနေသောသစ္စာတရားတို့ 
အပင်လိုက်ပွင့်ပြသော်လည်း
အလှတရားတို့ 
သဘာဝနဲ့ မလိုက်ဖက်တော့ပေ


.......... ဘယ်နေရာမှာရွာနေတာလဲ ..........


မေတ္တာတစ်ခုအတွက်
ဘ၀တွေကိုတစ်ထပ်ပြီးတစ်ထပ်
ပုဝါအဖြူနဲ့ ရစ်ပတ်ခဲ့သူတို့ 
မီးရောင်မဲ့ညတို့ ကြားမှာရှင်သန်ရပေါ့

အချစ်ဟုကြားမိပြီ
***** သဘာဝကပေးသောဆန်းကြယ်မှုတစ်ခုဖြစ်မည်ထင်သည် *****
အတွေ့ တို့ 
မိုးကုတ်စက်ဝိုင်းနံရံပေါ်
ယီးလေးခိုခဲ့ကြလေပြီ


၂၁.၉.၀၉ Green Night

Friday, September 11, 2009

အမှန်အတိုင်းလေ
ဖြစ်သင့်တာတွေလည်း ဖြစ်ခဲ့ပေါ့
ဒါဟာ
သဘာဝရဲ့ဓမ္မဓိဌါန်တရားပဲ


အချစ်တို့ ကဆုန်ပေါက် ကခုန်တဲ့ ည
နှင်းဆီရိုင်းတစ်ပွင့်ရဲ့
မနက်ဖြန်
ရတက်မအေးနိုင်ခဲ့


ဒီတစ်ကြိမ်နဲ့ 
မာနတွေအလံထူခွင့် မဲ့တယ်
ဘယ်မှာလဲ လွန်ဆန်တယ်ဆိုတဲ့ စကား


..............အမေ............
ဃရာဝါသ သံဝါသဆင့်
လူဖြစ်ခွင့်အပေါ်
ကျေးဇူး ဆိုဖို့ 
နောက်ကျနေခဲ့
ခွင့်လွှတ်ပါ


စက်တင်ဘာ ၉ ရက်နေ့ တစ်ဘ၀စာ အမှတ်တရနေ့ 