Saturday, May 15, 2010

မိမိလူဖြစ်လာရသည်ကိုအပြစ်တင်ရမည်လော..................
သို့မဟုတ်မပြည့်စုံသောဘ၀ကိုကြုံလာရခြင်းအပေါ်အပြစ်တင်ရမည်လော.........................မပြောတတ် ။
သေချာသည်မှာဤဘ၀ကိုလိုကိုမလိုချင်တော့ခြင်းပင်ဖြစ်သည်။

သူသည်အလွန်တရာရင့်ကျက်သောယောင်္ကျားအရင့်အမာကြီးပင်ဖြစ်လင့်ကစား
ဓနဂုဏ်ကြွယ်ဝပြည့်စုံလိုမှုကြီးမားသူဖြစ်ပေရာထိုယောင်္ကျားနှင့်ပေါင်းသင်းနေထိုင်ရသောသူမအဖို့မှာ
နေ့စဉ်ပင်ရင်အပူမငြိမ်းနိုင်ဖြစ်နေရသည့်အတွက် မပြည့်စုံသောဘ၀ကိုပင်အပြစ်တင်ရတော့မည်လောဟု
မစန္ဒာတွေးတောနေခြင်းပင်ဖြစ်သည်။

"မစန္ဒာ"
ရုတ်တရက်ကြားလိုက်ရသောခေါ်လိုက်သောအသံတစ်ခုကြောင့်သူမကနောက်သို့လှည့်ကြည့်လိုက်ဧ။်။
"ဟယ်....မမိုးရယ်....မတွေ့တာကြာပြီနော်၊အခုဘယ်ကလာတာလဲ"
မမိုးဆိုသောအမျိုးသမီးကမစန္ဒာအားခြေဖျားကစကာခေါင်းထိအံ့သြနေသည့်ဟန်ဖြင့်ကြည့်ကာအနည်းငယ်
မာသည်ထင်ရသောအသံဖြင့်မစန္ဒာကမေးသောစကားများကိုပြန်ပြောဧ။်။
"အိမ်ကအမျိုးသားလေ၊သူသင်္ဘောတက်တာ၅လရှိပြီ၊ငွေလွှဲလာထုတ်တာ၊ဒါနဲ့မစန္ဒာကရောဘယ်ကိုသွားမလို့လဲ"
မနိုင်မနင်းသယ်လာသော ဂျာနယ်များကိုကြည့်ကာသူကမေးခြင်းဖြစ်သည်။


No comments: