Sunday, December 13, 2009

လမ်းပေါ်ခြေရာထင်ကျန်စေသူ


ကောင်းကင်မှာ ပျံသန်းရင်း
ကောင်းကင်ပျောက်နေတဲ့ငှက်တစ်ကောင်
ဖြစ်နေသင့်သလားချစ်သူ

ကျွန်မက
ချစ်သူကိုမေးမိခဲ့တယ်
ဒါပေမယ့်ကျွန်မဟာ
ဆွဲဆောင်နိုင်စရာတစ်ခုမှမရှိသူတစ်ယောက်ဖြစ်နေခဲ့ပြီး
လူသူမသိတဲ့ အပူတွေနဲ့ နေ့ စဉ်ငိုနေရသူလည်းဖြစ်နေခဲ့ပါတယ်
ဒီအတွက်
ကျွန်မစကားက
ဘ၀င်မြင့်တဲ့အသိုင်းအ၀ိုင်းဆန်လေနေမလား

ကျွန်မက တစ်ဦးတစ်လေကိုမျှ
မကယ်တင်ဖူးသေးတဲ့ မာသာထရီဇာဖြစ်နေပြန်ခဲ့ပေါ့
ဒါနဲ့ ပဲ
မော်ဒန်အရေးအသားတွေကို အားကျတတ်လေတော့

ဟေ့......ဒီမှာခလေးမ မြန်မာတစ်နိုင်ငံလုံးဘာတွေဖြစ်နေတုံး အားလုံး ပူပန်ဆင်းရဲတွေကြုံနေရချိန်မှာ ငါက အနုပညာသမားပါဆိုတာပြောရအုံးမလား
ဆရာဇော်ဇော်အောင်ပြောစကား
ခံစားလိုက်ရတာလေ


ဒါပေမယ့်ချစ်သူကိုပဲချစ်နေခဲ့

ကျွန်မဟာ
၂၀၁၀ ရုပ်ရှင်ကိုမကြည့်ရဲတဲ့
သတင်းသမားတစ်ယောက်ဖြစ်တယ်လို့ 

ရဲရဲကြီးဝန်ခံလိုပါတယ်ချစ်သူ

မခွဲနိုင်လို့ ပါကွယ်

ကြည့်....ဒါကိုပဲ
ကျွန်မက ရူးသွပ်နေသတဲ့

ပုထုစနောဥမ္မတကောရယ်





No comments: