Friday, October 2, 2009

ဒါနဲ့ ပဲ
ငါးတွေကို လူတွေကမျှားလိုက်
ငါးတွေကအစာတွေကိုစားလိုက်
ငါးတွေကို လူတွေကမိလိုက်


လူတွေကငါးတွေနဲ့ တူလိုက်
လူတွေကငါးလိုကျင့်လိုက်
လူတွေကငါးနဲ့ နေသားကျလိုက်


ကြည့်စမ်း
လူတွေက ငါးတွေလိုပဲ
ငါးတွေလည်းလူနဲ့ တူသတဲ့

.............ချစ်သူ.................
ငါးလိုလူလား
လူလိုငါးလား
စဉ်းစားဖို့ အချိန်တန်ပြီ


2 comments:

emayarKhin said...

ကဗျာတွေကို..ခေါင်းစဉ်တပ်ရတာ..
မကြိုက်လို့လားဟင်....

နွေဆူးလင်္ကာ said...

လူလိုငါးတော့ မဖြစ်ချင်ဘူး။ မျှားခံရမှာ ဆိုးလို့။ ငါးလိုလူတော့ ဖြစ်ချင်တယ်။ ရေနစ်မသေတော့ဘူး။ ဒါပေမယ့်လည်း လေနစ်သေမှာ ကြောက်ရတယ်။ ချစ်သူမဟုတ်ပေမယ့် ဖြေသွားတယ်နော် :-)