Tuesday, September 22, 2009

အသည်းကွဲနေသည်ဟူသောစကားမှာ
အရွယ်တစ်ခုအတိုင်းအတာထက်ကျော်လွန်ပေသည်
ယင်းကိုတွေ့ မြင်နိုင်ဖို့ ရာ
ခင်ဗျားတို့ လည်းနှလုံးသားတစ်စုံရှိရန်လိုဧ။်

အိမ်ထောင်ရေးမဲ့အချစ်ကြောင့်
ဈေးကျနေသောသိက္ခာတရားကား
ရောင်းတန်းဝင်ပစ္စည်းတစ်ခုဖြစ်မလာနိုင်
လူတို့ ရပ်တည်ရာမြေပေါ်

အချပ်လိုက်ကွာကျနေသောသစ္စာတရားတို့ 
အပင်လိုက်ပွင့်ပြသော်လည်း
အလှတရားတို့ 
သဘာဝနဲ့ မလိုက်ဖက်တော့ပေ


.......... ဘယ်နေရာမှာရွာနေတာလဲ ..........


မေတ္တာတစ်ခုအတွက်
ဘ၀တွေကိုတစ်ထပ်ပြီးတစ်ထပ်
ပုဝါအဖြူနဲ့ ရစ်ပတ်ခဲ့သူတို့ 
မီးရောင်မဲ့ညတို့ ကြားမှာရှင်သန်ရပေါ့

အချစ်ဟုကြားမိပြီ
***** သဘာဝကပေးသောဆန်းကြယ်မှုတစ်ခုဖြစ်မည်ထင်သည် *****
အတွေ့ တို့ 
မိုးကုတ်စက်ဝိုင်းနံရံပေါ်
ယီးလေးခိုခဲ့ကြလေပြီ


၂၁.၉.၀၉ Green Night

2 comments:

ဂျေဂျူဝိုင် said...

ထပ်တူ ထပ်မျှ ခံစားပေးပါတယ်မေငယ်

Unknown said...

အချပ်လိုက်ကွာကျနေသောသစ္စာတရားတို့ 
အပင်လိုက်ပွင့်ပြသော်လည်း
အလှတရားတို့ 
သဘာဝနဲ့ မလိုက်ဖက်တော့ပေ

ဟန်တစ်လုံးပန်တစ်လုံး သုံးနှုန်းပြနေတဲ့ စကားက သစ္စာတရားဆိုတာ....
ဈေးအပေါဆုံးပစ္စည်းလို ဘုန်းဘောလအောပဲ
ဘယ်သူတွေးမိသလဲ ... လိပ်ပြာဆိုတာ မမြင်ရပေမဲ့ ရှက်တက်သင့်တယ်ဆိုတာ....။

မေ...ရေ ထပ်တူခံစားမိပါရဲ့...။