Friday, September 11, 2009

အမှန်အတိုင်းလေ
ဖြစ်သင့်တာတွေလည်း ဖြစ်ခဲ့ပေါ့
ဒါဟာ
သဘာဝရဲ့ဓမ္မဓိဌါန်တရားပဲ


အချစ်တို့ ကဆုန်ပေါက် ကခုန်တဲ့ ည
နှင်းဆီရိုင်းတစ်ပွင့်ရဲ့
မနက်ဖြန်
ရတက်မအေးနိုင်ခဲ့


ဒီတစ်ကြိမ်နဲ့ 
မာနတွေအလံထူခွင့် မဲ့တယ်
ဘယ်မှာလဲ လွန်ဆန်တယ်ဆိုတဲ့ စကား


..............အမေ............
ဃရာဝါသ သံဝါသဆင့်
လူဖြစ်ခွင့်အပေါ်
ကျေးဇူး ဆိုဖို့ 
နောက်ကျနေခဲ့
ခွင့်လွှတ်ပါ


စက်တင်ဘာ ၉ ရက်နေ့ တစ်ဘ၀စာ အမှတ်တရနေ့ 

2 comments:

လင်းဦး(စိတ်ပညာ) said...

အမေကဗျာလေး ကောင်းသဗျ...

Unknown said...

လေးစားပါတယ်မေ...လေးလေးနက်နက်လေးရေးဖွဲ့ထားပါလား....။