Sunday, October 11, 2009


ရည်ရွယ်ရာ


ခေါက်ရိုးကျိုးအထပ်ထပ်
နေသားတကျဖြစ်စဉ်တွေကိုတွန်းထုတ်
..........ပြီး..........
အဆန်တွေချဉ်း......ငါမောင်းနှင်လာခဲ့
!!!!!ဘ၀ဟာ!!!!!
အလေ့ကျသစ်တစ်ပင်တော့မဟုတ်ဘူး
..........ဒါနဲ့ ..........
ပါလာတဲ့ဗီဇက
အနု အရင့်တွေကြား
ရှင်သန်လို့ 
ပေါပေါလောလောပေးတဲ့
ချစ်ခြင်းတို့ လည်း
သူ့ အတွက်
အဖိုးမတန်ပြန်ဆိုရော
ဝေဒနာတောထဲ
ဖူးလိုက် ပွင့်လိုက်ကြတဲ့
ကဗျာတွေ

Sunday, June 22, 2008/Posted by maynge at 9:54 AM



No comments: