Sunday, October 4, 2009

တစ်ခုမှမရှိလေတဲ့ဘ၀တစ်ခုကိုငါပိုင်တယ်
အဲဒါက
ငါ့ဘ၀လည်းဖြစ်ရဲ့

အဖြစ်သည်းတယ်မဆိုပါနဲ့ 
ဒါဟာ
ရာသီတစ်ခုရဲ့ပန်းတစ်ပွင့်ဖြစ်နေ

ကံကြမ္မာနှစ်ခုကိုကြိုးနဲ့ သီဖို့ 
နှလုံးသားတို့ အလိုမှာ
ပျိုမျစ်မှုရယ်တွန့် ကြေမွတယ်

ရင်ဘတ်နဲ့ ကြားနာမယ်
ငါ.....ဦးနှောက် နဲ့  နှလုံးသားရှိ
လူသားစစ်စစ်ဖြစ်တယ်

တစ်ည.....ပြီးတော့.....တစ်ည.....ညတွေဟာ
တကယ်တော့
အလင်းကိုမျှော်သူသာ ဖြစ် တယ်



အမျှင်မဲ့နေ့ 
အောက်တိုဘာ ၃ ရက် ( လပြည့် နေ့  )


No comments: