Saturday, October 3, 2009

အခွင့်တွေပဲ ရ ရ နေခဲ့
အရေးတွေပဲ ပေးခံနေရသတဲ့
.....လူသား.....


တောင်တွေနှင့်ပင်လယ်
တောတန်းနှင့်မြူတွေ
မိုးကြွင်း နှင်းထဲခုန်အဆင်းမှာ
မူးလိုက်တာလေ


မာနတွေနဲ့ ချိတ်ဆွဲခဲ့တဲ့ကဗျာ
အပြိုင်မရှိတဲ့စိတ်ကူး
ငါကပဲ ငါ့ဘုရင်
ငါ့ကိုယ်ငါပဲ စီမံမယ်


ချစ်လား................တဲ့
လေပြေတစ်ချက်တိုးဝှေ့ သွားခဲ့
အိမ်သူတံခါးတစ်ချပ်
ပန်းနုရောင်သမ်းရိပ်ပြလိုက်ချိန်



စက်တင်ဘာ ၂၇ ရက် ( ကျောက်မျက် )နှင့် အောက်တိုဘာ တစ်ရက်နေ့ 
( အစိမ်းရောင်) ကာလများဆီ

2 comments:

နွေဆူးလင်္ကာ said...

ဟုတ်တယ်နော် ကဗျာလို့လည်း ရေးမထားဘူး။ ခေါင်းစဉ်လည်း မတတ်ဘူး။ ဖတ်လို့တော့ ကောင်းပါတယ်။

Anonymous said...

အင်း.. ကျောက်မျက်နဲ့ အစိမ်းရောင်ဆိုတာပဲ စိတ်ဝင်စားတယ်..