Friday, June 22, 2007


ချစ်တတ်သူ


တွေ့ ဆုံကြပြီးပြီဆိုတာနဲ့ 

နှုတ်ဆက်ခွဲခွာကြရတာဟာ

ဓမ္မတာတရားတစ်ခုလို့ 

နှလုံးသွင်းထားတတ်သူပါ ။

သံယောဇဉ်ဆိုတာကလည်း

မတွယ်ဖို့ မတားနိုင်တဲ့အရာတစ်ခု !

ခက်တယ် …..

အမှတ်တရဆိုတာတွေက

နုငယ်တဲ့အရွယ်တွေမှာပဲ

ရှိသင့်တာတဲ့လေ

ခက်တယ် ……

ဘာပဲဖြစ်ဖြစ်

ကျွန်မမှာနှလုံးသားတစ်ခုရှိနေခဲ့တယ် ။

No comments: