Tuesday, April 8, 2008

အိပ်မက်ရှုံးတဲ့ပွဲ
တစ်ညလုံးခြိမ့်ခြိမ့်သဲ
တင်ဒါဆိုတာ..ဒီလိုနေရာအတွက်လည်း
မရှိမဖြစ်ပေါ့။ ။

မင်းရောက်မလာတော့တဲ့လမ်းဆိုပေမယ့်
ဘေးနားကမျဉ်းက
အပြိုင်........
............................
ဟော....................
ချယ်ရီတွေ
ချယ်ရီတွေ
ချယ်ရီတွေ.................
ဟာ.........................
ပိတောက်တွေ..............ပိတောက်တွေ.............ပိတောက်တွေ
ရာသီသုံးခု....နဲ့ ......လေးခုက
ယဉ်ကျေးမှုတွေကို တေးသီနေကြ
အော်ပရာည
ဟာမိုနစ် ည
မယ်လိုဒီည
စီးဆင်းလို့ ရသားကွဲ့ ။ ။

ဝန်ခံရဲတယ်ချစ်သူ
သိမ်ငယ်မှုဆိုတဲ့
ဝတ်ရုံတစ်စုံပါ
ငါရထားတာပဲ

ဆံပင်တွေကိုလောင်တဲ့မီး
တံတွေးနဲ့ ငြိမ်းသတ်မလို့ တဲ့
အဲဒီနေ့ က
ငါစဉ်းစားဖြစ်ပုံ...............။


မြေဆီလွှာမကောင်းပေမယ့်
ဒီဥယျာဉ်တွင်းမှာ မှ
ငါက
စိုက်ပျိုးနေမိတယ်
တံလျပ်ဆိုတာ
ရေနဲ့ တော်တော်တူတယ်။ ။

သက်ဆိုင်သူသို့ ...............

........သွားလိုရာသွားနိုင်ပြီတဲ့ လား.............
မင်းနဲ့ တထေရာတည်းတူတဲ့
ဖုံအလိမ်းလိမ်းနဲ့ ..ငါ့ဂီတာ
တိတ်ဆိတ်အေးစက်နေတဲ့
အလင်းသဲ့သဲ့လေး.............
ဂဏာမၿငိမ္ဘူး..................


ရူးသြပ္မိတဲ့..
အရွယ်လွန်...စွဲလန်းမှု
ချိုအီမိတဲ့
မင်းရဲ့ အ၀ါရောင် အသံ
အဲဒါ...အိမ်အပြန် ပလက်ဖောင်းဘေးက
နွေနှောင်း ၀ါဒတွေလား
မီးတိုးမိတဲ့ပိုးလေလား။ ။


ဝန်ဆောင်မှုဆိုတာ
ဈေးကွက်အတွက် မဖြစ်မနေလိုအပ်တာကိုနားလည်ထားကြ
အချစ်တဲ့...............
သုတေသနစာတမ်းတချို့ လိုလာကြောင်း
ကြားဖူးနားဝရှိလာခဲ့
အသည်းကွဲတယ်လို့ ထင်ရတဲ့ နေ့ က။ ။


အလကားရတိုင်း
ပြောနေကျစကားတွေထဲမှာ
ရှက်စရာအကောင်းဆုံးဝါကျဟာ
"ချစ်တယ်"..........ဆိုတဲ့ဝေါဟာရလို့ 
ချစ်သူသိစေချင်တာ.........မသေခင်ဆန္ဒတစ်ခု ။ ။


ဒါပါပဲချစ်သူ.....
ဘယ်သူသေသေ
င တေမာဖို့ အရေးကြီးတယ်ဆိုရင်
ထွင်စရာလမ်းတွေအများကြီးထဲ
အမဲဖျက်သူတွေနဲ့  ဝေးပါစေ။ ။

ဦးသန့် ဧ။်စကား...

" ဟေ့................မြန်မာဟာမြန်မာပဲကွ..........
မြန်မာဟာမြန်မာပြည်ကိုချစ်ရမယ်။
မြန်မာပြည်မှာဘဲနေရမယ်။မြန်မာပြည်မှာပဲသေရမယ်။
အကြောင်းကြောင်းကြောင့်
တစ်နိုင်ငံကိုရောက်နေပေမယ့်
တစ်နေ့ မှာ
မြန်မာပြည်ကိုပဲပြန်ရမှာပဲ။
အခွင့်အရေးတစ်စုံတစ်ခုကြောင့်နိုင်ငံခြားသားလုပ်ဖို
့ဘယ်တော့မှ စိတ်မကူးလေနဲ့ ...."



ဦးသန့် 
ကမ္ဘ္ဘာ့ကုလသမဂ္ဂဧ။်တတိယမြောက်အတွင်းရေးမှုးချုပ်

Saturday, April 5, 2008

ရူးပုံ..........................................

ဘာကိုမှ ကြိုမသိနိုင်တာကိုက
ဘ၀အတွက် ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်
တောင်းဆိုမှုမလိုဘူး
ခွင့်လွှတ်ထားပါတယ်......ချစ်သူရယ်။ ။


မင်းအပေါ် ငါဟာ...
ရိုးသားစွာစီးဆင်းခဲ့တဲ့မြစ်
ပင်လယ်ဆိုတာကို စီးဖို့ သက်သက်မဟုတ်ဘူး
ဒီထိ..........လက်ခံပေးဖို့ သာ ။ ။


ဘီစီ ကိုးရာစုခန့် က
ဂျပန်ကဗျာဆရာမ
အိုနို နို့  ကိုမာ့ချိ ရယ်.....လေ
အိပ်မက်ရဲ့ လမ်းတွေပေါ်ကနေ
ရှင့်ဆီကျွန်မ.....
အမြဲသစ္စာရှိရှိလာပေမယ့်
အဲဒီချစ်ရည်မူးမက်ညတွေဟာ
ရှင်နိုးနေရတဲ့ အထိအတွေ့ တစ်ချက်လောက်တောင်
မတန်ပါဘူးရှင်ရယ်........................တဲ့
မဲ့မသွားပါနဲ့ ချစ်သူ
ခွင့်လွှတ်ပါတယ်ဆိုတာ
မင်အတွက်သီးသန့်  ပါ ။ ။


ငါ့ဘ၀ကိုမင်းတို့  ဖြတ်သန်းကြည့်ပါလို့ ပြောတိုင်း
သူငယ်ချင်းတွေကဟားတိုက်တာပါပဲ
အဲဒီတုန်းက စီးခဲ့တာတွေ
စစ်မှန်တယ်လို့ 
လိမ်ပြောပေးပါ လိမ်ပြောပေးပါ လိမ်ပြောပေးပါချစ်သူ
့မဟုတ်ဘူး......
ညနဲ့ အတူ ရူးသွပ်နေတာ.......
ကိုယ့်ကိုယ်ကိုရှက်ပါလို့ 
ဆုံးမမိပြန်ရော..............


တရုတ်အစားကို ငါမသာယာဘူး
ကွန်ဒိုယဉ်ကျေးမှုကိုငါ မသာယာဘူး
ဒေါ်လာရှာသူများ.....
ငါးများများရပါစေ..
ယန်းငွေပေါပေါသုံးနိုင်စေ.........


အလိုမပြည့်မှုတွေနဲ့ 
ငါအိုမင်းလာခဲ့ရာ
သဘာဝပတ်ဝန်းကျင်လည်း
မသမာသူတွေရဲ့ လက်ပေါ်တွယ်ငြိနေတော့တယ်.......


အိမ်ထောင်ရေးမပါဘူး ချစ်သူ
ဘာ,က,မှ ......... သာယာမှုကင်းတယ်
မလာဖို့ တားခဲ့သေးတယ်တဲ့..........
အင်းလျားကဆိုပါတယ်................
မြေသြဇာမကောင်းတဲ့အရပ်မှာ.......ငါ......ရေပဲလောင်းမိနေပေါ့ကွယ်။ ။

လှိုင်းရုး................

ှ့မျက်နှာများလွန်းတဲ့လှိုင်းတွေ
အရိုင်းလိုပ(ပါ့).......
ဘယ်သူ့ ဖြစ်ဖြစ်ချစ်ပစ်ဖို့ ဝန်မလေးတဲ့ပြင်
ခြေရာတွေကိုပါယူဆောင်သွားဦးမတဲ့လေ ။ ။



M M M

Friday, April 4, 2008

ရေမျောကမ်းတင်ဇာတ်ညွှန်း..................

ဣနြေ္ဒမရတဲ့အတိတ်က
ငါ့စိတ်ကိုလာလာပြီးဆက်ဆံနေတယ်..............
ညှပ်ပူးညှပ်ပိတ် အလွမ်းတွေကလည်း
ခမ်းတယ်လို့ ကိုမရှိဘူး
လှိုင်းပုတ်သံပန်းချီကားမှာ
မိသားစုစုတ်ချက်တစ်ချို့  ခပ်ကြမ်းကြမ်း
တ၀မ်းတခါးရိုးသားမှုဆိုတော့
ဘာပဲဖြစ်ဖြစ် လင်းပနေခဲ့ကြ
ပညာအရည်အချင်းပြပါဆိုရင်
အံကြိတ်ခြင်းဗေဒမှာ ငါ......ပါရဂူပေါ့
ပြန်တွေးကြည့်တိုင်း
မြင်မိသမျှတွေက
ငါ့မာနမှာရပ်တန့် လို့ 
တကယ်တော့................
မာနဆိုတာ
မာရ်နတ်ရဲ့ သမီးအလတ်ပါကွယ်
(ချစ်ဖို့ ကောင်းပြီးသီးသန့် ဆန်တယ်)
ပွဲလန့် တုန်းခင်းတဲ့ဖျာတစ်ချပ်လို
မလုံမလဲကျေနပ်နေရတာတွေ
များပါပြီ..........
..........များပါပြီ
များ..........ပါ..........ပြီ ။ ။
ခံနိုင်ရည်မရှိတော့တဲ့ အတိတ်ကို
ခိုင်ခိုင်မာမာ မေ့လျော့ပစ်လိုက်တယ်
ဟောဒီအနုပညာလောကထဲမှာ
အဖူးအညွန့် ဝေစည်နိုင်ဖို့ ရာအတွက်
ကြိုးစားမှုကိုပါဝါတိုးရုံသာ................။ ။

Thursday, April 3, 2008

ချစ်ကံခေသူကုမ္ပဏီဝန်ထမ်းများအတွက်

Lovelorn staff at a Japaness marketing company can take paid time off after a bad break-up with a partner,with more "heartache leave" on offer as they get older.
ဂျပန်ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုကချစ်ကံခေသူ(၀ါ)ချစ်သူဧ။်စွန့်ပစ်ခြင်းခံရသူမိမိဝန်ထမ်းများအားလုပ်အားခ
အပြည့်ဖြင့်နားရက်ခံစားခွင့်ပြုမည်ဟုဆိုသည်။အသက်အရွယ်ကြီးသူ ၀န်ထမ်းဖြစ်ပါက ခံစားခွင့်ရက်တိုး၍ရမည်ဖြစ်
ကြောင်းသိရသည်။


Tokyo-based Hime&company,say heartche leave allowa staff to cry them selves out and return to work refreshed ."Not everyone needs to take maternity leave but with heartbreak , everyone needs times off, Just like when you get sick" ,CEO Miki Hiradate, whose company of six womem, told Reuters by telephone.
တိုကျိုမြို့ အခြေစိုက် ဟီမေ ကုမ္ပဏီက ယခုကဲ့သို့ ချစ်ကံခေသူအတွက် ခံစားခွင့်ပေးရခြင်းမှာ
အချို့ သောအချစ်ရုပ်ရှင်များ၌တွေ့ ရသလို မိမိဧ။်ခံစားချက်ကိုအန်ထုတ်အော်ဟစ်ပစ်ပြီး
နောက်တစ်နေ့  လန်းလန်းဆန်းဆန်း လူသစ် စိတ်သစ်ဖြင့်အလုပ်ပြန်ဆင်းနိုင်ရန်ဟုဆိုသည်။
ဝန်ထမ်းတိုင်းမီးဖွားခွင့်ယူရန်လိုမည်မဟုတ်သော်လည်းနေထိုင်မကောင်းလျှင်ခွင့်ယူရသည့်နည်းတူ
ချစ်ခုက္ခနဲ့ ကြုံရပါမူ နားရန်လိုသည်ဟု ဆိုသည်။
ဤ အကြောင်းကို အလှကုန်နဲ့ အမျိုးသမီးသုံးကုန်စ္စည်းများရောင်းချသော အမျိုးသမီး ၆ ဦးရှိသည့် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ရိုက်တာသတင်းဌါနသို့ ဖုန်းဖြင့် သတင်းပေးပို့ ခြင်းဖြစ်သည်။


Staff aged 24yrs or younger can take one day off peryear, while those between 25 and 29 can take two days off,the company said.
အသက်၂၄နှစ် နှင့် အောက်ဝန်ထမ်းများမှာတစ်နှစ်လျှင် တစ်နှစ်ခံစားခွင့်ရရှိမည်ဖြစ်ပြီး၂၅နှစ်မှ၂၉နှစ်အတွင်း
ဝန်ထမ်းများက နှစ်ရက် နှင့်၂၉နှစ် နှင့် အထက်ဝန်ထမ်းများက သုံးရက်မျှ အဆိုပါခံစားခွင့်ကို ရရှိမည်ဟုဆိုသည်။

ဒီနှစ်ထဲမှာ.....

မဟာသကြန်စာအလိုအရ mayngal အမည်ရှိသော အညတြ blogger သည် လက်တစ်ဘက်တွင် Keyboard ကိုကိုင်ပြီး အခြားလက်တစ်ဘက်၌ Mouse ကိုကိုင်ကာ Internet ကိုစီးလျက် ကော်ဖီကြိုက်တတ်သော
စီးကရက်ကြိုက်တတ်သော လူသားတစ်ယောက်ဧ။်မေတ္တာကို ဆုံးရှုံးသွားပါလိမ့်မည်။ ။

ဇာတာအားတွက်ချက်ပေးသော ပုဏ္ဏားတော်များအားကျေးဇူးတင်ကြောင်းမှတ်တမ်းတင်အပ်ပါသည်။ ။

အညတြဘလော့ကာ

မင်း........အသည်းငယ်တတ်သလား

မပြီးဆုံးသေးတဲ့ခြေလှမ်းတွေနဲ့ 
မကျက်နိုင်သေးတဲ့ဒဏ်ရာဟောင်းကြား
ကိုယ့်အမာရွတ်ကိုယ်ပြန်ပြန်စမ်း
သွေးချင်းချင်းနီကာလကိုလွမ်းမောရကြရင်း
ငါတို့ ယုံကြည်မှုဟာ
ငါတို့ ဆာလောင်မှုကိုချော့သိပ်ရဲ့ ။ ။
မနေ့ တစ်နေ့ ကလိုပေါ့သူငယ်ချင်း
ငါတို့ တတွေသီချင်းမဆိုဖြစ်တော့တာ ကြာခဲ့ပြီပဲ
ငါတို့ ရှင်သန်ခြင်းဟာ ခေါင်းစဉ်ရှိရှိကြီးနဲ့  မဲ့တယ်
ရှိသမျှအိပ်မက်ကို ဓါးပြတိုက်ခံလိုက်ရ
ဘ၀ ဆိုတာ
ကားခတွေဈေးကြီးလာတဲ့အခါ
စက်ဆုပ်ရွံ့ ရှာဖွယ်။ ။
ငါ့အာရုံတွေကျပ်သိပ်နေပုံက
မြို့ ပတ်ရထားကြီးနဲ့ မခြားဘူးသူငယ်ချင်း
အပေါ်သွားနဲ့ အောက်သွား ဖိညှပ်သံတကျိကျိမှာ
ဘယ်တီးလုံးနဲ့ ကခုန်ရမယ်ငါတို့ မသိခဲ့
ငယ်ငယ်ကရေးဖူးတဲ့အက်ဆေးတွေလို
မင်းကို ငါ
ဖိတ်ခေါ်လိုက်တယ် သူငယ်ချင်း။ ။
မင်းဘယ်တော့ထလာခဲ့မှာလဲ
ငိုမလို ရယ်မလိုဖြစ်နေတဲ့မြို့ ကြီးကိုရှုစားဖို့ 
ပြီးတော့........................
တို့ အတူတူ....
ကဗျာတစ်ပုဒ်ကို အသက်သွင်းကြဖို့  ။ ။

လုပ်ရိုးလုပ်စဉ်...............

ဝမ်းနည်းပါတယ်ကမ္ဘာကြီးခင်ဗျား...


အဆုံးမသတ်နိုင်တဲ့တီးလုံးကကွက်တွေကြားမှာ
အမုန်းတရားတွေက ခါးသက် ခဲ့
ရင်နာဖွယ်အမှားများရက်ရက်စက်စက်
ကွဲအက် ကွဲအက်
အယောင်ဆောင်ဥသြငှက်အလင်းနဲ့ 
လက်သည်းဝှက်မျှော်လင့်ချက်တွေ
ထွေပြား
ရှည်လျား
သွေးရနံ့ ကားမေ့မပြယ်နိုင်
ယိုင်တိုင်တိုင်စားပွဲခုံနောက်မှာ
ထိုင်လျက်အိပ်ပျော်နေသူများက
ဝမ်းနည်းပါတယ်ကမ္ဘာကြီးခင်ဗျား..........
......................လို့ 
ရယ်မောပြောဆိုကြ ။ ။