Thursday, April 3, 2008

လုပ်ရိုးလုပ်စဉ်...............

ဝမ်းနည်းပါတယ်ကမ္ဘာကြီးခင်ဗျား...


အဆုံးမသတ်နိုင်တဲ့တီးလုံးကကွက်တွေကြားမှာ
အမုန်းတရားတွေက ခါးသက် ခဲ့
ရင်နာဖွယ်အမှားများရက်ရက်စက်စက်
ကွဲအက် ကွဲအက်
အယောင်ဆောင်ဥသြငှက်အလင်းနဲ့ 
လက်သည်းဝှက်မျှော်လင့်ချက်တွေ
ထွေပြား
ရှည်လျား
သွေးရနံ့ ကားမေ့မပြယ်နိုင်
ယိုင်တိုင်တိုင်စားပွဲခုံနောက်မှာ
ထိုင်လျက်အိပ်ပျော်နေသူများက
ဝမ်းနည်းပါတယ်ကမ္ဘာကြီးခင်ဗျား..........
......................လို့ 
ရယ်မောပြောဆိုကြ ။ ။

No comments: