Thursday, April 3, 2008

အခန်းဆက်ညများ.......

ကြက်အိပ်ကြက်နိုး
ဘယ်လိုမှ အစိုးမရတဲ့ညထဲ
တကွဲတပြားဝတ်ပြုသံတွေနဲ့ 
အာဖဂန်နစ္စတန် ။ ။


ဆာလောင်မှုကို
မျက်လုံးမွဲမွဲတွေနဲ့ ဖော်ပြကြ
သူတို့ ...............
တစ်စုံတရာကိုနာကျင်ရေရွတ်ကြ
အဖေဘယ်သွားနေလဲ
အမေဘယ်သွားနေလဲ
တိုက်ပျက်ကိုအိမ်လုပ်
လူရုပ်မပေါ်တဲ့ခလေး လေး လမ်းမကြီးနဲ့ ဝေးခဲ့ ။ ။


မာသာထရီဇာဆိုတာဘာလဲ
လင်းဆေးလိုဟန်ဆိုတာဘာလဲ
ဟယ်ရီပေါ်တာဆိုတာဘာလဲ
ဟစ်ပ်ဟော့ဆိုတာဘာလဲ
ကမ္ဘာ့ ဖလားဆိုတာဘာလဲ
အင်တာနက်ဆိုတာရော ဘာလဲ


ဒီမှာတော့ တစ်ထောင့်တစ်ညဟာပုံပြင်မဟုတ်ဘူး
လူတွေကဘာလို့ လူသတ်နေကြတာလဲ
သား ဘာအပြစ်များလုပ်မိလို့ လဲ
သေနတ်သံတွေမကြားရတဲ့မြက်ခင်းပြင်မှာ
သားကစားချင်တယ်
တစ်နေ့ လုံးလည်းဘာမှမစားရသေးဘူး
အနာတွေကလည်းတဆစ်ဆစ်ကိုက်တယ်
သားသားကိုကယ်ပါ အလ္လာဟ်အရှင်။ ။


ကြက်အိပ်ကြက်နိုးပါပဲ
ဘယ်လိုမှအစိုးမရတဲ့ညကြီးထဲ
တကွဲတစ်ပြားဝတ်ပြုသံတွေနဲ့ 
အာဖဂန်နစ္စတန် ။ ။

No comments: