Tuesday, April 1, 2008

ပွဲသိမ်းချိန်................

မရေရာမှုတွေ ပြတ်သားနေချိန်မှာ
စစ်ဆိုတာ
ငြိမ်းချမ်းရေးရဲ့ အရုဏ်ဦးလို့ 
တွေးထင်နိုင်ဖို့ လိုတယ်......................

ရွာကြီးဖြစ်နေတဲ့ ကမ္ဘာကြီးက
လက်ဖ၀ါးအောက်မှာ....
ရက်ရက်စက်စက်..ငြိမ်....

ည်းစူးစူးရှရှ အကြည့်တစ်စုံအောက်မှာ
ကိုယ့်ကိုယ်ကိုယ်ပြာဖြစ်မသွားဖို့ 
မနည်းကြိုးစားရပေါ့.....

မီးခဲကိုအားကျတတ်ဥူအနေနဲ့ ဆိုပြန်တော့
ပြာကိုပဲကျေးဇူးတင်မိပြန်ရော......

မွန်းလိုက်တဲ့အဖြစ်ဟေ့......
ကုန်းပေါ်မှာကူးခတ်ရင်းနဲ့ 
ငပိကောင်လည်းဖြစ်ခဲ့ပေါ့
အမြီးကိုတော့လှုပ်ချင်သေးရဲ့ 
အရိုးတွေလည်းကွဲပါပြီ
အသည်းစွဲဖို့ လိုပါသည်
ချစ်သူရေ..................
့ပွဲသိမ်းကတော့..ကြမ်းမှကြမ်း ....။ ။

No comments: