Tuesday, April 1, 2008

ညတစ်ညကိုမူးယစ်စွာတွေးနေမိ..

ညတစ်ညကိုမူးယစ်စွာတွေးနေမိ.....ဆိုက္ကားတစ်စီးလုံးဝင်တိုက်မိသည့်ဘယ်ဘက်ဒူးခေါင်းရောင်ကိုင်းနေသည်။
အစာအဆိပ်သင့်တဲ့နေ့ ကဂျပန်ဆေးရုံကိရောက်သော်ချစ်သူနဲ့ အစာမကြေဖြစ်လို့ အဆိပ်သောက်သည်ဆိုသောကောင်မလေးကိုမဆီမဆိုင်သတိရပြန်လေသည်။
အချစ်ကို လုပ်ကြံကြလေပြီ။
အချစ်ကို ကျီစားကြလေပြီ။
အချစ်ကိုအပျော်သဘောထားသွားကြသည်။
စာရေးရန်စဉ်းစားမိချိန်.......ညဟာအလင်းများကိုခေါ်လာပြီးနေပြီ။။

No comments: