Thursday, January 10, 2008

တိမ်ယောင်ဆောင် ခရီးစဉ်

ငါကျိန်စာမိခဲ့ပြီလား...........
ဘ၀ကြမ္မာ ကြွေအန်စာတွေ
စေညွှန်ရာလမ်းအတိုင်း လျှောက်လိုက်မိပေါ့ ။ ။

ဒီအချိန်မှာ
ချစ်သူတိမ်ဆီက မိုးတွေ
ဘယ်နေရာမှာရွာနေလေမလဲ ! တွေးမိရဲ့ ။ ။

*ခြေရာဖျောက်သွားတဲ့ ကောင်းကင်ကို လိုက်ရှာနေမိပြီ *

ဘယ်လိုချည်တိုင်မျိုးကမှ ငါ့ကိုမငြိတွယ်နိုင်ဘူး
အချိန်တန် အိမ်ပြန်တယ်ဆိုတာ
ငါ့အတွက်လား ?
တိမ်ယောင်ဆောင်ခရီးထဲက
နိုးထမိခဲ့ချိန်။ ။

2 comments:

De said...

love to read this poem too maygal .wanna fly on the sky and it make me feeling something ...hehe
keep try .........love ya friend.

De said...

love to read this poem too maygal .wanna fly on the sky and it make me feeling something ...hehe
keep try .........love ya friend.

March 2, 2008 12:14 AM