Thursday, January 10, 2008

ညမီးလျှံကြား ၀င်စားရှင်သန်သူ

ဘယ်သူတွေ ဘာပဲပြောပြော
မောရုံပေါ့ကွယ် !
အချစ်တွေက စူးရဲလွန်းတော့လည်း
အပြစ်တွေမမြင်နိုင်ခဲ့။ ။

ဒီတစ်ညလုံး
မင်းကို နားလည်နိုင်ဖို့
ကြိုးစားနေမိတယ်။ ။

မင်းဟာ . . . .
ရည်းစားတွေ ထည်လဲထား
နှလုံးသားအတုနဲ့ ပြုစား
ခံစားမှုအတုတွေ Online ကြားက ထုဆစ်နေသူလား
ငါစဉ်းစားနေမိရဲ့။ ။

တိမ်တွေကို
အရုပ်ရုပ်အမျိုးမျိုး ပုံဖော်ကြည့်ရင်း
အမှောင်နဲ့ အလင်းကို
ငါ!
မှားယွင်းစွာ ခံယူမိနေပြီလား ။ ။
ကောင်းကင်ထက်က ညမီးလျှံကြားမှာ
ဒီတစ်ညလုံး
ငါ!
ဝင်စားရှင်သန် နေမိပြီ။ ။

No comments: