Thursday, August 27, 2009

အမှတ်တရတွေ ချန်ထားခဲ့ချင်သူပါကွယ်
ဘယ်လောက်များ နုနယ်နေသလဲလို့ 
ဘယ်တုန်းက တွေးသေးမိလဲ
အချိန်တွေလေလွင့်ပေါ့

ငါတို့ တွေ့ နေကြတာက
နာရီတွေအတွက်အကျိုးရှိကြပါ့မလားနော်
နာကျင်တယ်အချစ်ရယ်

ဒီထက် ရင်ကွဲပက်လက် ဖြစ်ရပ်
ဘယ်သူတွေများ.........ကြုံကြရ
အသေချာဆုံးသော
မနီးစပ်နိုင်ခြင်းတရားများ

ယှဉ်တွဲထိုင်နေပါလျက်
ဘက်မညီတဲ့ကံတရား
သရော်နေလား
မဲ့နေတာလား
သူ
ပြုံးနေတာလား


စိတ်တို့ ကဆုန်ပေါက်ပြေးလွှားကြ

..........ဟေး...........
နေရောင်အောက်မှာ
....................ပန်းတွေ ဘယ်နေ့ ပွင့်ကြမှာလဲ............။ ။



သြဂုတ်လ ၂၆ ရက်နေ့  အမှတ်တရ ဒေါ်လာ

No comments: