Thursday, August 27, 2009

ညီမလေးရေ
စက္ကူရတုနေ့ ရက် အတွက်
အမှတ်တရက
အသည်းကွဲတဲ့နေရာ

ကြည့်.......ခုဆို
အသစ်တွေက
အသစ်တွေနဲ့ အတူ
အသစ်တွေဖြစ်လို့ 
တို့ တွေ
မနက်ဖြန်ကို
သစ်လွင်ဖို့ 
တံခါးတစ်ချပ်
လှစ်ကြရအောင်လေ

အင်းလျားအလှ
အင်းလျားည
အင်းလျားဘဝ
အင်းလျားသစ္စာ
သူသာ ချစ်သူတို့ ရဲ့အရှင်
ငါတို့ ရဲ့ သခင်
အားလုံးရဲ့မေတ္တာရှင်

ညီမလေးရေ
စိတ်တို့ စေစားမှုမှာ
ယုံတမ်းတွေနဲ့ ဝေးစေ
စိတ်တို့ ခရီးအနှင်မှာ
ပုံပြင်တွေကိုနားလည်စေကွယ်

မနက်ဖြန်တွေနဲ့ 
ခင်မင် ခွင့် ရနေသေး သရွေ့ 
နေ့ ရယ် ညရယ်
နွေ၊ မိုး ၊ဆောင်းရယ်
မွေးဖွါးတာရယ်
သေသွားတာရယ်
နာရီတွေရယ်
သူရယ်ကိုယ်ရယ်
အချစ်ရယ်အမုန်းရယ်
ဟောဒီကမ္ဘာကြီးရယ်
ပြီးတော့
ဟန်ဆောင်ခြင်းတရားတွေရယ်
အကျွမ်းတ၀င်ရှိနိုင်စေကွယ်
။။။။။။။။။။။။။။အမှားအမှန်ရှိတတ်စေရယ်။။။။။။။။။။။



စက္ကူရတုနေ့ အမှတ်တရ သြဂုတ်လ ၂၆ ရက်နေ့ သို့ 

No comments: