Saturday, August 29, 2009

ညတွေက
တိတ်ဆိတ်မှုတွေအောက်မှာ
တေးသံတွေသာယာနေပုံများ
ချစ်သူတွေနဲ့ တူတယ်

တစ်ခါတစ်ခါ
သူတို့ ကျီစယ်နေတာက
ချစ်သူအရင်းကြီးတွေအတိုင်းပဲ
ပုံစံမပျက်ဘူး

ပြဌါန်းခံသူတွေ ဘ၀ကနေ
ဘုံတစ်ခုမှာ
ငွေအသပြာကိုအလျှော်အစား လုပ်လို့ 
သူ့ ကိုဝေဖန်မိ
ချစ်သူ အစစ်ကြီး လို

ဖြစ်တည်မှုဝါဒီ တွေရဲ့
အရောင်းအ၀ယ် ကြားမှာ
ချစ်သူကို
ချစ်သူလိုသဘောမထားနိုင် တဲ့အကြောင်း ပြချက်



...............အိပ်မက်တွေ လန့် နိုးကုန်ပါရော.......................

No comments: