Monday, July 2, 2007

နှောင်ကြိုးဖွဲ့ ချစ်ခြင်း


ကျွန်မရဲ့ 

ပူလောင်နေတဲ့သောကရက်တွေကို

မောင့်ရဲ့ ရက်စက်မှုတွေနှင့်

အရောင်တင်လေရော့သလား…….

ကျွန်မရဲ့ 

ရင့်ရော်နေတဲ့အလွမ်းတွေကို

မောင့်ရဲ့ စိမ်းကားမှုတွေနှင့်

ပျိုမြစ်စေရော့သလား …………

ကျွန်မရဲ့ 

ဖွင့်အံမရတဲ့စကားလုံးသေတွေကို

မပုတ်သိုးစေဖို့ 

မောင့်ရဲ့ အေးစက်စက်အချစ်တွေနှင့်

စီမံလေရော့သလား ……………

ထားရစ်ခဲ့တဲ့နာရီတွေထဲ

မေ့နိုင်ဖို့ ကြိုးစားဆဲမှာ

မောင်ဆိုတဲ့နှောင်ကြိုးကရစ်ပတ်

ဖြတ်လို့ မရတဲ့အဖြစ်

မောင် …… လှည့်ကြည့်ဖို့ သင့်တယ်

No comments: