Monday, July 2, 2007

အချစ်ကြောက်သူ



  • လိပ်ပြာတစ်ကောင်ရဲ့ 

ရိသဲ့သဲ့ပျံဝဲမှုတွေနဲ့ 

တပ်မက်တဲ့စည်းဝိုင်းအတွင်းမှာ

ရင်ခုန်ခြင်းဆိုတာသေဆုံးနေခဲ့ ။

  • မဲညစ်ညစ်ကောင်းကင်အောက်မှာ

အစွန့် ပစ်ခံလိုက်ရတဲ့

အပြာရောင်စာရွက်တစ်စကို

ငါ …………အခုထိအမှတ်ရနေရဲ့ ။

  • နာရီလက်တံတွေလည်နေသရွေ့ 

စိတ်နာမှုကိုမျိုထားရတာ

ကိုယ်ကိုယ်ကိုယ်တော့

ပြစ်တင်ဝေဖန်ကဲ့ရဲ့ မိပေါ့ ။

  • စဉ်းစားကြည့်မယ်လို့ 

ရောင်စုံကာလာတွေကြားက

ဟောဒီမာယာလွင်ပြင်ကြီးထဲမှာ

ဥပေကာလှိုင်းဒဏ်

အပါယ်ခံနှလုံးသားနှင့်ကျင့်သားမရသေးတဲ့

စိတ်အမာရွတ်တွေရှုပ်ပွနေဆဲ

  • ချစ်သူရေ ! ! !

မင်းရဲ့ အသည်းစကားများ

ပြခန်းထဲကိုသွားကြပါ

မိုးခါးရေတစ်ပေါက်

အချစ်ကြောက်သမို့ 

အများလိုမသောက်ပါရစေနှင့်တော့ ။

No comments: