Monday, July 2, 2007

သက်ပြင်း

  • ကြည့်စမ်း ! !

ပရိယေသန

အာရက္ခ

ဝိပရိဏာမ

ကြီးမားတဲ့အဲဒီဒုက္ခ၀န်

လောကီမာန်တက်

ထမ်းရွက်နေကြသူတွေ

  • သူတို့ ကိုယ်သူတို့ 

လောကနိဗ္ဗာန်ဆိုတာ

ဓနအင်အား

တိုက်နှင့်ကားဆိုပဲ

  • အာရုံများစွာရဲ့ 

ဆာလောင်မွတ်သိပ်မှုအတွက်

Restruant ထဲမှာ

Rap ကိုရင်ခုန်ခံစား

ကာမဂုဏ်တွေကိုဝါးမြိုနေကြလေရဲ့  ။

  • ငတ်လေသောက်လေနဲ့ 

အဆာမပြေနိုင်ကြတဲ့

လူတစ်ချို့ အတွက်

ရတက်မကင်း

သက်ပြင်းတွေအခါခါ

No comments: