Tuesday, April 1, 2008
အ၀ိဇ္ဖာ......
အဓိပ္ပါယ်မဲ့လုပ်ရပ်တွေ.......ဒလစပ်နဲ့ 
ငါ့အသက်ရှင်ချိန်တွေ
အွန်လိုင်းပေါ်.....အလိမ်တစ်ရာကာလတစ်ခု...
ကိုယ်ချင်းစာတရားခေါင်းပါးသူတစ်ဦးရဲ့ 
အပျင်းပြေ..လောင်းကစားဝိုင်းတစ်ခုထဲ
ဒလိမ့်ခေါက်ကွေးကျဆင်း.................
တွင်းကြီးကနက်လိုက်တာ............................
ပွဲသိမ်းချိန်................
မရေရာမှုတွေ ပြတ်သားနေချိန်မှာ
စစ်ဆိုတာ
ငြိမ်းချမ်းရေးရဲ့ အရုဏ်ဦးလို့ 
တွေးထင်နိုင်ဖို့ လိုတယ်......................
ရွာကြီးဖြစ်နေတဲ့ ကမ္ဘာကြီးက
လက်ဖ၀ါးအောက်မှာ....
ရက်ရက်စက်စက်..ငြိမ်....
ည်းစူးစူးရှရှ အကြည့်တစ်စုံအောက်မှာ
ကိုယ့်ကိုယ်ကိုယ်ပြာဖြစ်မသွားဖို့ 
မနည်းကြိုးစားရပေါ့.....
မီးခဲကိုအားကျတတ်ဥူအနေနဲ့ ဆိုပြန်တော့
ပြာကိုပဲကျေးဇူးတင်မိပြန်ရော......
မွန်းလိုက်တဲ့အဖြစ်ဟေ့......
ကုန်းပေါ်မှာကူးခတ်ရင်းနဲ့ 
ငပိကောင်လည်းဖြစ်ခဲ့ပေါ့
အမြီးကိုတော့လှုပ်ချင်သေးရဲ့ 
အရိုးတွေလည်းကွဲပါပြီ
အသည်းစွဲဖို့ လိုပါသည်
ချစ်သူရေ..................
့ပွဲသိမ်းကတော့..ကြမ်းမှကြမ်း ....။ ။
ညတစ်ညကိုမူးယစ်စွာတွေးနေမိ..
ညတစ်ညကိုမူးယစ်စွာတွေးနေမိ.....ဆိုက္ကားတစ်စီးလုံးဝင်တိုက်မိသည့်ဘယ်ဘက်ဒူးခေါင်းရောင်ကိုင်းနေသည်။
အစာအဆိပ်သင့်တဲ့နေ့ ကဂျပန်ဆေးရုံကိရောက်သော်ချစ်သူနဲ့ အစာမကြေဖြစ်လို့ အဆိပ်သောက်သည်ဆိုသောကောင်မလေးကိုမဆီမဆိုင်သတိရပြန်လေသည်။
အချစ်ကို လုပ်ကြံကြလေပြီ။
အချစ်ကို ကျီစားကြလေပြီ။
အချစ်ကိုအပျော်သဘောထားသွားကြသည်။
စာရေးရန်စဉ်းစားမိချိန်.......ညဟာအလင်းများကိုခေါ်လာပြီးနေပြီ။။
Myanmar Disco Video
Monday, March 31, 2008
မျိုချလိုက်.........အငြိမ်......
အချိန်တစ်ခုက
နံစော်ပုတ်သိုးနေတဲ့လက်တွေနဲ့ 
ဧပြီမှာကျင်းပမယ့်ပွဲတော်ရာသီကိုသွားမလို့ 
ဒီဦးနှောက်ကို ထိန်းမရဖြစ်တယ်..။
နာမည်လေး
တစ်လုံချင်းရွတ်ဆိုနေတာတွေ
ပြင်းထန်တဲ့ဗျာပါဒတွေ....ကို
ဟန်ဆောင်လိုက်ပြီး
မနက်ဖြန်တွေကို
အပိုင်းပိုင်းဖြတ်လိုက်တယ်........
ကြွေတာပဲအဲဒီသစ်ရွက်တွေ
ရန်ကုန်ကလည်း
အရောင်စုံပေါလောမျောနေ
ငါကလည်းဖန်ဆင်းခံနေရသယောင်
ဒီဖိနပ်တွေကိုအဆင်ပြေသလိုသာ ကြည့်စီးလိုက်ပါတော့
တစ်ခါတစ်ခါမှာ
အိပ်နေတာလောက်
အကုသိုလ်ကင်းတာရှိလို့ လား..။
ဘာသာဗေဒအသစ်နဲ့ 
မွေးဖွားပေးပါ...
ကျောခိုင်းသွားသူရဲ့ ကျောပြင်ကိုမကြည့်မိအောင်ထိန်း
ငါ့မျက်နှာကို
ငါ့ရှေ့ ပြန်ချထား
အဲဒါလည်းကြိုးစားမှုတစ်ခုပဲ....။
ဘာလို့ အော်ရမှာလဲ....လို့ 
ကုန်းပြီးအော်လိုက်တယ်
နှင်တံပေးမှ သွားရမတဲ့လား
အပိုင်းပိုင်းပြတ်နေတဲ့မနက်ဖြန်
လက်စသတ်တော့မြေပုံလည်းမရှိဘူး..။
အသက်ရှင်ရတာ တာဝန်အရလား
အအေးဒဏ်အတွက် နွေးထည်ဝတ်သလား
ပူအိုက်တဲ့တစ်နေ့ ခင်းစာအတွက်
လေအေးပေးစက်လိုသလား
အမှောင်ဆိုတာ အလင်းအတွက်
ကျိန်စာတစ်ခုဖြစ်တယ်...။
အင်းလျားကန်ပေါင်ပေါ်က
စက္ကူငှက်ရုပ်တစ်ရုပ်
ရေကန်ထဲ ထိုးကျသားတယ်...
နှုတ်ဆက်ခဲ့ပါတယ်ကျွန်တော်သွားတော့မယ်
လမ်းရဲ့ သယ်ဆောင်ရာ.....ဟို အဝေးကို
အဝေးကို
လွမ်းတတ်ရင်လည်းလမ်းမှာလဲလွမ်းတော့မယ်..........
........နက်စ်ကဖေးတစ်ခွက်....လည်ချောင်းထဲကိုခုန်ဆင်းသွားပါတယ်.......။ ။
အချိန်တစ်ခုက
နံစော်ပုတ်သိုးနေတဲ့လက်တွေနဲ့ 
ဧပြီမှာကျင်းပမယ့်ပွဲတော်ရာသီကိုသွားမလို့ 
ဒီဦးနှောက်ကို ထိန်းမရဖြစ်တယ်..။
နာမည်လေး
တစ်လုံချင်းရွတ်ဆိုနေတာတွေ
ပြင်းထန်တဲ့ဗျာပါဒတွေ....ကို
ဟန်ဆောင်လိုက်ပြီး
မနက်ဖြန်တွေကို
အပိုင်းပိုင်းဖြတ်လိုက်တယ်........
ကြွေတာပဲအဲဒီသစ်ရွက်တွေ
ရန်ကုန်ကလည်း
အရောင်စုံပေါလောမျောနေ
ငါကလည်းဖန်ဆင်းခံနေရသယောင်
ဒီဖိနပ်တွေကိုအဆင်ပြေသလိုသာ ကြည့်စီးလိုက်ပါတော့
တစ်ခါတစ်ခါမှာ
အိပ်နေတာလောက်
အကုသိုလ်ကင်းတာရှိလို့ လား..။
ဘာသာဗေဒအသစ်နဲ့ 
မွေးဖွားပေးပါ...
ကျောခိုင်းသွားသူရဲ့ ကျောပြင်ကိုမကြည့်မိအောင်ထိန်း
ငါ့မျက်နှာကို
ငါ့ရှေ့ ပြန်ချထား
အဲဒါလည်းကြိုးစားမှုတစ်ခုပဲ....။
ဘာလို့ အော်ရမှာလဲ....လို့ 
ကုန်းပြီးအော်လိုက်တယ်
နှင်တံပေးမှ သွားရမတဲ့လား
အပိုင်းပိုင်းပြတ်နေတဲ့မနက်ဖြန်
လက်စသတ်တော့မြေပုံလည်းမရှိဘူး..။
အသက်ရှင်ရတာ တာဝန်အရလား
အအေးဒဏ်အတွက် နွေးထည်ဝတ်သလား
ပူအိုက်တဲ့တစ်နေ့ ခင်းစာအတွက်
လေအေးပေးစက်လိုသလား
အမှောင်ဆိုတာ အလင်းအတွက်
ကျိန်စာတစ်ခုဖြစ်တယ်...။
အင်းလျားကန်ပေါင်ပေါ်က
စက္ကူငှက်ရုပ်တစ်ရုပ်
ရေကန်ထဲ ထိုးကျသားတယ်...
နှုတ်ဆက်ခဲ့ပါတယ်ကျွန်တော်သွားတော့မယ်
လမ်းရဲ့ သယ်ဆောင်ရာ.....ဟို အဝေးကို
အဝေးကို
လွမ်းတတ်ရင်လည်းလမ်းမှာလဲလွမ်းတော့မယ်..........
........နက်စ်ကဖေးတစ်ခွက်....လည်ချောင်းထဲကိုခုန်ဆင်းသွားပါတယ်.......။ ။
Sunday, March 30, 2008
မိမိကိုယ် ကိုယ် အပြစ်တင်ပါ........
လောကတွင် အကြောင်းကြောင့်ဖြစ်ပေါ်လာသောအကျိုးတရားများစွာရှကြလေသည်။
အဆိုပါ အကျိုးတရားများမှာမိမိဧ။်စိတ်အား ညစ်ညမ်းစေသောအရာ သို့ တည်းမဟုတ် ....... မည်သည့်ခံစားမှုမျိုးကိုမဆိုခံစားရသည်ဖြစ်စေ....
ဖြစ်ပေါ်လာသော အရာရာတိုင်းအတွက် ..မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်ပေသည်။
Monday, February 11, 2008
သင်သေသွားသော်
သြော် . . . . လူ့ပြည်လောက၊ လူဘ၀တွင်
အိုရနာရ သေရအုံးမည် မှန်ပေသည်တည်း။ ။
သို့ပြီးတကား သင်သေသွားသော်
သင်ဖွားသောပြည် သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ ။ ။
သင်၏မျိုးသား စာစကားလည်း
ကြီးပွါးတိုးမြင့် ကျန်ကောင်းသင့်၏။ ။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။
Thursday, January 10, 2008
ညမီးလျှံကြား ၀င်စားရှင်သန်သူ
ဘယ်သူတွေ ဘာပဲပြောပြော
မောရုံပေါ့ကွယ် !
အချစ်တွေက စူးရဲလွန်းတော့လည်း
အပြစ်တွေမမြင်နိုင်ခဲ့။ ။
ဒီတစ်ညလုံး
မင်းကို နားလည်နိုင်ဖို့
ကြိုးစားနေမိတယ်။ ။
မင်းဟာ . . . .
ရည်းစားတွေ ထည်လဲထား
နှလုံးသားအတုနဲ့ ပြုစား
ခံစားမှုအတုတွေ Online ကြားက ထုဆစ်နေသူလား
ငါစဉ်းစားနေမိရဲ့။ ။
တိမ်တွေကို
အရုပ်ရုပ်အမျိုးမျိုး ပုံဖော်ကြည့်ရင်း
အမှောင်နဲ့ အလင်းကို
ငါ!
မှားယွင်းစွာ ခံယူမိနေပြီလား ။ ။
ကောင်းကင်ထက်က ညမီးလျှံကြားမှာ
ဒီတစ်ညလုံး
ငါ!
ဝင်စားရှင်သန် နေမိပြီ။ ။
တိမ်ယောင်ဆောင် ခရီးစဉ်
ငါကျိန်စာမိခဲ့ပြီလား...........
ဘ၀ကြမ္မာ ကြွေအန်စာတွေ
စေညွှန်ရာလမ်းအတိုင်း လျှောက်လိုက်မိပေါ့ ။ ။
ဒီအချိန်မှာ
ချစ်သူတိမ်ဆီက မိုးတွေ
ဘယ်နေရာမှာရွာနေလေမလဲ ! တွေးမိရဲ့ ။ ။
*ခြေရာဖျောက်သွားတဲ့ ကောင်းကင်ကို လိုက်ရှာနေမိပြီ *
ဘယ်လိုချည်တိုင်မျိုးကမှ ငါ့ကိုမငြိတွယ်နိုင်ဘူး
အချိန်တန် အိမ်ပြန်တယ်ဆိုတာ
ငါ့အတွက်လား ?
တိမ်ယောင်ဆောင်ခရီးထဲက
နိုးထမိခဲ့ချိန်။ ။