Thursday, April 3, 2008

လုပ်ရိုးလုပ်စဉ်...............

ဝမ်းနည်းပါတယ်ကမ္ဘာကြီးခင်ဗျား...


အဆုံးမသတ်နိုင်တဲ့တီးလုံးကကွက်တွေကြားမှာ
အမုန်းတရားတွေက ခါးသက် ခဲ့
ရင်နာဖွယ်အမှားများရက်ရက်စက်စက်
ကွဲအက် ကွဲအက်
အယောင်ဆောင်ဥသြငှက်အလင်းနဲ့ 
လက်သည်းဝှက်မျှော်လင့်ချက်တွေ
ထွေပြား
ရှည်လျား
သွေးရနံ့ ကားမေ့မပြယ်နိုင်
ယိုင်တိုင်တိုင်စားပွဲခုံနောက်မှာ
ထိုင်လျက်အိပ်ပျော်နေသူများက
ဝမ်းနည်းပါတယ်ကမ္ဘာကြီးခင်ဗျား..........
......................လို့ 
ရယ်မောပြောဆိုကြ ။ ။

အခန်းဆက်ညများ.......

ကြက်အိပ်ကြက်နိုး
ဘယ်လိုမှ အစိုးမရတဲ့ညထဲ
တကွဲတပြားဝတ်ပြုသံတွေနဲ့ 
အာဖဂန်နစ္စတန် ။ ။


ဆာလောင်မှုကို
မျက်လုံးမွဲမွဲတွေနဲ့ ဖော်ပြကြ
သူတို့ ...............
တစ်စုံတရာကိုနာကျင်ရေရွတ်ကြ
အဖေဘယ်သွားနေလဲ
အမေဘယ်သွားနေလဲ
တိုက်ပျက်ကိုအိမ်လုပ်
လူရုပ်မပေါ်တဲ့ခလေး လေး လမ်းမကြီးနဲ့ ဝေးခဲ့ ။ ။


မာသာထရီဇာဆိုတာဘာလဲ
လင်းဆေးလိုဟန်ဆိုတာဘာလဲ
ဟယ်ရီပေါ်တာဆိုတာဘာလဲ
ဟစ်ပ်ဟော့ဆိုတာဘာလဲ
ကမ္ဘာ့ ဖလားဆိုတာဘာလဲ
အင်တာနက်ဆိုတာရော ဘာလဲ


ဒီမှာတော့ တစ်ထောင့်တစ်ညဟာပုံပြင်မဟုတ်ဘူး
လူတွေကဘာလို့ လူသတ်နေကြတာလဲ
သား ဘာအပြစ်များလုပ်မိလို့ လဲ
သေနတ်သံတွေမကြားရတဲ့မြက်ခင်းပြင်မှာ
သားကစားချင်တယ်
တစ်နေ့ လုံးလည်းဘာမှမစားရသေးဘူး
အနာတွေကလည်းတဆစ်ဆစ်ကိုက်တယ်
သားသားကိုကယ်ပါ အလ္လာဟ်အရှင်။ ။


ကြက်အိပ်ကြက်နိုးပါပဲ
ဘယ်လိုမှအစိုးမရတဲ့ညကြီးထဲ
တကွဲတစ်ပြားဝတ်ပြုသံတွေနဲ့ 
အာဖဂန်နစ္စတန် ။ ။

ဆန္ဒ................

တစ်သက်နဲ့ တကိုယ်
ဒီရင်ဘတ်ကြီးတစ်ခုလုံး
အရှက်ကင်းကင်း.....ချစ်ခဲ့တာတဲ့...မိန်းမတစ်ယောက်ကဆိုတယ်
ယုံပါဆိုဘဲ...။ ။

ငါကတော့
လုံးသလိုလို
ပြားသလိုလို မြေပေါ်မှာ
မလုံလောက်တဲ့ပြဌန်းချက်တွေ
အစီအစဉ်မကျတဲ့ပုံသေနည်းများနဲ့ 
ကမောက်ကမ။ ။


ဖြစ်ခြင်းတွေက
ပျက်ခြင်းတွေလို့ နားလည်ခဲ့တဲ့နေ့ က...
အိပ်မက်သာဆို.......သိပ်ကောင်းမယ် ။ ။

သွေးသစ်လောင်းစို့ .................................

နာရီစက်သံတွေ ဒလစပ်ခုတ်မောင်းမှုအောက်
အာရှတိုက်သား ဥရောပတိုက်သားတို့ သွားရည်ချောင်းထဲကို
ခေတ္တရောက်နေပေမယ့်
ကံခေနေဆဲ အာရှတိုက်က ကိုယ်တို့ မြေကို
လွမ်းနေသင့်
မမေ့သင့်
ဓါရဏပရိတ်နဲ့  မေတ္တာသုတ်တွေလွှင့်ပါ ။ ။


လေယာဉ် တစ်စင်းပြီးတစ်စင်း ပျံနေကြရဲ့ 
ဇော်ဂျီဖိုဝင်သား ဒီအချိန်များရခဲ့ရင်ပေါ့လေ
ဒါ........အိမ်လွမ်းစိတ်တစ်ခုတည်းခုတည်းနဲ့ မဟုတ်ဘူး
ရေကန်ထဲကငါးတွေ ပင်လယ်ထဲရောက်ချင်နေလိမ့်မယ်
အမဲသားသွားကြားညပ်သူများခင်ဗျာ........................
တစ်နေရာစာတွေကိုရှာနေရင်း.......မုသား(မုတား)စကားဆိုလေပြီ။ ။


အာရှသားအချင်းချင်း....
သွေးတွေရဲရဲနီစေလို
လတ်တလော ကမ္မကထကတော့
မလေးရှား....................
စင်္ကာပူ...................
အမေရိကား..................
နောက်ဆုံး.....
တိုကျိုဟာ............
ဘ၀င်အပူငြိမ်းစေတဲ့နေရာလို့ 
အဲဒီမှာ
နိစ္စဓူဝကို
ပုံလောင်းလိုက်ကြ ပြီ။ ။


ကျောကုန်းပေါ်မှာ အမောတွေထမ်းပြီးပြန်အလာ
တစ်နေရာစာ တစ်ညတာနားနေခန်းထဲက
အွန်လိုင်းပေါ်မှာ
ရွာကသူငယ်ချင်းတွေနဲ့ 
အိမ်ထောင်ပြုသွားတဲ့ငယ်ချစ်ဟောင်းအကြောင်း
တစ်ဖက်သတ်ချစ်နေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း
မြန်မာလဘော့များအကြောင်း


ကမ္ဘာ့သတင်းအထွေထွေ
နှူကလီးယား
သဘာဝပတ်ဝန်းကျင်
လောင်စာဆီ

ဆန်ဈေး
ဆီဈေး
အိမ်ထောင်ရှင်မတွေအရေး

မတူညီတဲ့ယဉ်ကျေးမှု
အသားမကျတဲ့စရိုက်
လုံးနေသည်ဆိုသော
ကမ္ဘာကြီးပေါ်က
သဏ္ဍာန်............စံနစ်.............တောင်းဆိုလိုလားမှု
အမျိုးပေါင်းများစွာ
ကိုယ်တို့ မမေ့သင့်တာဘာလဲ........
သဲသဲကွဲကွဲ....သိရမဲ့နေ့ ...................မျှော်ပါ။ ။


အချို့ က ကားဈေးအကြောင်းပြောနေကြတယ်
အချို့ က လက်ကိုင်ဖုန်းတွေအကြောင်းပြောနေကြတယ်
အချို့ က ရွှေသားအကြောင်းပြောကြတယ်
အချို့ က ငွေဆိုမှငွေ........................


ရန်ကုန်မြို့ ရဲ့ ပုခုံးပေါ်မှာ
လောဘတွေက တစ်ထုပ်ပြီးတစ်ထုပ်
နယ်စုံ မြို့ စုံ
လူစုံတွေရဲ့ ဒဏ်
နာခံနေရတဲ့ မြို့ တော်ကြီး
ဟီးချငိုနေရင်....
ခင်လို့ ပြောလိုက်မယ်
လှည့်ကြည့်မဖြစ်ဘူး
ကိုယ်လည်း
စား...........
ဝတ်.............
နေ.................
ဒီအရေးတွေထဲမှာ အရူးတစ်ယောက်လိုမို့ ပါ...။ ။


ငွေညှို့ ခံနေရတဲ့ ကာလတစ်ခုအောက်
နံရံပေါ်က ကမ္ဘာ့ မြေပုံကိုလက်ထောက်ပြီးကြည့်ပါ
မပျော်ရွှင်နိုင်တဲ့သမိုင်းတစ်ခုနဲ့ 
နေ..........ကမ္ဘာ............လ
တစ်တန်းတည်းကျခဲ့....နေ့ ရက်များအတွက်
သွေးချင်းဆက်ကြရအောင်ဟေ့.............။ ။

Tuesday, April 1, 2008

စက်ရပ်...............

သွေးတွေကငြိမ်သက်...
အေးတိအေးစက်နိုင်လှချည့်
ပြောမယ်ဆို.....
အရွယ်အိုသူမတစ်ယောက်ကို..
ကျွန်တော်....
အပိုမပြော
အပျော်သဘောနဲ့ ချစ်ခဲ့တာပါဗျာ။ ။

ကျွန်တော်က
အပျော်ချစ် ချစ်နေပေမယ့်
သူမအချစ်
စူးစူးနစ်နစ်
ပစ်မသွားပါနဲ့  တဲ့....
ဦးနှောက်စားခဲ့နေ့ တွေ။ ။

..........................................

...........................................

..............................................
ဟူး

ကျွန်တော့်ရင်ခွင်ထဲ
သူမကိုယ်လုံးသေးသေးလေး ကွေးအ၀င်
အင်းလျားရေပြင်ကြီးက
ပြုံးဖြီးဖြီးနဲ့ ကြည့်နေခဲ့ လား........
မဲ့ ပြုံး ပြုံးနေခဲ့လား..........
ကျွန်တော်..............မစဉ်းစားမိပါခင်ဗျား ။ ။

မသေချာမှုများ.......................

့ကိုယ်က..........ကိုယ်နဲ့ ကိုယ့်အကြောင်း
သူ့ ကိုပြောပြချင်ပေမယ့်
သူက.............သူ့ ကိုယ်သူရေငုံနှုတ်ပိတ်
တိတ်ဆိတ်လွန်းခဲ့။ ။
ဘာပဲဖြစ်ဖြစ်
သူနဲ့ ကိုယ်
ကာလတစ်ခုတည်း......စိုက်ဝင်ခဲ့ကြ....
နက်နက်ရှိုင်းရှိုင်းလား.................ဆိုတော့.....
မ သေ ချာ........။ ။

အ၀ိဇ္ဖာ......

အဓိပ္ပါယ်မဲ့လုပ်ရပ်တွေ.......ဒလစပ်နဲ့ 
ငါ့အသက်ရှင်ချိန်တွေ
အွန်လိုင်းပေါ်.....အလိမ်တစ်ရာကာလတစ်ခု...
ကိုယ်ချင်းစာတရားခေါင်းပါးသူတစ်ဦးရဲ့ 
အပျင်းပြေ..လောင်းကစားဝိုင်းတစ်ခုထဲ
ဒလိမ့်ခေါက်ကွေးကျဆင်း.................
တွင်းကြီးကနက်လိုက်တာ............................

ပွဲသိမ်းချိန်................

မရေရာမှုတွေ ပြတ်သားနေချိန်မှာ
စစ်ဆိုတာ
ငြိမ်းချမ်းရေးရဲ့ အရုဏ်ဦးလို့ 
တွေးထင်နိုင်ဖို့ လိုတယ်......................

ရွာကြီးဖြစ်နေတဲ့ ကမ္ဘာကြီးက
လက်ဖ၀ါးအောက်မှာ....
ရက်ရက်စက်စက်..ငြိမ်....

ည်းစူးစူးရှရှ အကြည့်တစ်စုံအောက်မှာ
ကိုယ့်ကိုယ်ကိုယ်ပြာဖြစ်မသွားဖို့ 
မနည်းကြိုးစားရပေါ့.....

မီးခဲကိုအားကျတတ်ဥူအနေနဲ့ ဆိုပြန်တော့
ပြာကိုပဲကျေးဇူးတင်မိပြန်ရော......

မွန်းလိုက်တဲ့အဖြစ်ဟေ့......
ကုန်းပေါ်မှာကူးခတ်ရင်းနဲ့ 
ငပိကောင်လည်းဖြစ်ခဲ့ပေါ့
အမြီးကိုတော့လှုပ်ချင်သေးရဲ့ 
အရိုးတွေလည်းကွဲပါပြီ
အသည်းစွဲဖို့ လိုပါသည်
ချစ်သူရေ..................
့ပွဲသိမ်းကတော့..ကြမ်းမှကြမ်း ....။ ။

ညတစ်ညကိုမူးယစ်စွာတွေးနေမိ..

ညတစ်ညကိုမူးယစ်စွာတွေးနေမိ.....ဆိုက္ကားတစ်စီးလုံးဝင်တိုက်မိသည့်ဘယ်ဘက်ဒူးခေါင်းရောင်ကိုင်းနေသည်။
အစာအဆိပ်သင့်တဲ့နေ့ ကဂျပန်ဆေးရုံကိရောက်သော်ချစ်သူနဲ့ အစာမကြေဖြစ်လို့ အဆိပ်သောက်သည်ဆိုသောကောင်မလေးကိုမဆီမဆိုင်သတိရပြန်လေသည်။
အချစ်ကို လုပ်ကြံကြလေပြီ။
အချစ်ကို ကျီစားကြလေပြီ။
အချစ်ကိုအပျော်သဘောထားသွားကြသည်။
စာရေးရန်စဉ်းစားမိချိန်.......ညဟာအလင်းများကိုခေါ်လာပြီးနေပြီ။။

Myanmar Disco Video