Monday, December 7, 2009



ဘ၀ဆေးစက်များ


စက်တင်ဘာ ၉ ရက်
ရတနာ
စက်တင်ဘာ ၂၁ ရက် အစိမ်းရောင်
စက်တင်ဘာ ၂၇ ရက် ကျောက်မျက်
အောက်တိုဘာ ၁ ရက် အစိမ်းရောင်
နိုဝင်ဘာ ၅ ရက် အစိမ်းရောင်
နိုဝင်ဘာ၁၄ ရက် အိပ်မက်ကမ္ဘာ
နိုဝင်ဘာ၂၂ ရက် အိပ်မက်ကမ္ဘာ
နိုင်ဝင်ဘာ၂၆ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ ၁ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ၅ ရက် သင်းပျံ့ ပျံ့ 
ဒီဇင်ဘာ ၁၀ ရက် အိပ်မက်ကမ္ဘာ
ဒီဇင်ဘာ ၁၃ ရက် အိပ်မက်ကမ္ဘာ

ကြည့်ကြပါအုံး ရာဇင်ဝင်ရေ
သမိုင်းပေါ်မှာနင်တင်ခဲ့တဲ့အကြောင်းအရာတွေက
သူလိုလူတစ်ယောက်ရဲ့
လျှို့ ဝှက်ချက်တွေအောက်မှာ
ချုပ်ငြိမ်းခဲ့ရမတဲ့လား

တိမ်စိုင်တွေကို
အိပ်ယာလုပ်ပြီး
စိတ်ကူးတွေကို မော့သောက်နေတာလား

မင်းဟာ
အသုံးချခံရသူတစ်ယောက်........တဲ့
မင်းဟာ
အလှည့်စားခံနေရသူတစ်ယောက်....တဲ့


လောကရေ
ချစ်သူနဲ့ ဘ၀ကြားမှာ
ဆေးစက်တွေကတော့......................ကြမ်းတစ်လှည့်နုတစ်ခါ



Sunday, October 11, 2009


ရည်ရွယ်ရာ


ခေါက်ရိုးကျိုးအထပ်ထပ်
နေသားတကျဖြစ်စဉ်တွေကိုတွန်းထုတ်
..........ပြီး..........
အဆန်တွေချဉ်း......ငါမောင်းနှင်လာခဲ့
!!!!!ဘ၀ဟာ!!!!!
အလေ့ကျသစ်တစ်ပင်တော့မဟုတ်ဘူး
..........ဒါနဲ့ ..........
ပါလာတဲ့ဗီဇက
အနု အရင့်တွေကြား
ရှင်သန်လို့ 
ပေါပေါလောလောပေးတဲ့
ချစ်ခြင်းတို့ လည်း
သူ့ အတွက်
အဖိုးမတန်ပြန်ဆိုရော
ဝေဒနာတောထဲ
ဖူးလိုက် ပွင့်လိုက်ကြတဲ့
ကဗျာတွေ

Sunday, June 22, 2008/Posted by maynge at 9:54 AM



Sunday, October 4, 2009

တစ်ခုမှမရှိလေတဲ့ဘ၀တစ်ခုကိုငါပိုင်တယ်
အဲဒါက
ငါ့ဘ၀လည်းဖြစ်ရဲ့

အဖြစ်သည်းတယ်မဆိုပါနဲ့ 
ဒါဟာ
ရာသီတစ်ခုရဲ့ပန်းတစ်ပွင့်ဖြစ်နေ

ကံကြမ္မာနှစ်ခုကိုကြိုးနဲ့ သီဖို့ 
နှလုံးသားတို့ အလိုမှာ
ပျိုမျစ်မှုရယ်တွန့် ကြေမွတယ်

ရင်ဘတ်နဲ့ ကြားနာမယ်
ငါ.....ဦးနှောက် နဲ့  နှလုံးသားရှိ
လူသားစစ်စစ်ဖြစ်တယ်

တစ်ည.....ပြီးတော့.....တစ်ည.....ညတွေဟာ
တကယ်တော့
အလင်းကိုမျှော်သူသာ ဖြစ် တယ်



အမျှင်မဲ့နေ့ 
အောက်တိုဘာ ၃ ရက် ( လပြည့် နေ့  )


Saturday, October 3, 2009

အခွင့်တွေပဲ ရ ရ နေခဲ့
အရေးတွေပဲ ပေးခံနေရသတဲ့
.....လူသား.....


တောင်တွေနှင့်ပင်လယ်
တောတန်းနှင့်မြူတွေ
မိုးကြွင်း နှင်းထဲခုန်အဆင်းမှာ
မူးလိုက်တာလေ


မာနတွေနဲ့ ချိတ်ဆွဲခဲ့တဲ့ကဗျာ
အပြိုင်မရှိတဲ့စိတ်ကူး
ငါကပဲ ငါ့ဘုရင်
ငါ့ကိုယ်ငါပဲ စီမံမယ်


ချစ်လား................တဲ့
လေပြေတစ်ချက်တိုးဝှေ့ သွားခဲ့
အိမ်သူတံခါးတစ်ချပ်
ပန်းနုရောင်သမ်းရိပ်ပြလိုက်ချိန်



စက်တင်ဘာ ၂၇ ရက် ( ကျောက်မျက် )နှင့် အောက်တိုဘာ တစ်ရက်နေ့ 
( အစိမ်းရောင်) ကာလများဆီ

Friday, October 2, 2009

ဒါနဲ့ ပဲ
ငါးတွေကို လူတွေကမျှားလိုက်
ငါးတွေကအစာတွေကိုစားလိုက်
ငါးတွေကို လူတွေကမိလိုက်


လူတွေကငါးတွေနဲ့ တူလိုက်
လူတွေကငါးလိုကျင့်လိုက်
လူတွေကငါးနဲ့ နေသားကျလိုက်


ကြည့်စမ်း
လူတွေက ငါးတွေလိုပဲ
ငါးတွေလည်းလူနဲ့ တူသတဲ့

.............ချစ်သူ.................
ငါးလိုလူလား
လူလိုငါးလား
စဉ်းစားဖို့ အချိန်တန်ပြီ


Tuesday, September 22, 2009

အသည်းကွဲနေသည်ဟူသောစကားမှာ
အရွယ်တစ်ခုအတိုင်းအတာထက်ကျော်လွန်ပေသည်
ယင်းကိုတွေ့ မြင်နိုင်ဖို့ ရာ
ခင်ဗျားတို့ လည်းနှလုံးသားတစ်စုံရှိရန်လိုဧ။်

အိမ်ထောင်ရေးမဲ့အချစ်ကြောင့်
ဈေးကျနေသောသိက္ခာတရားကား
ရောင်းတန်းဝင်ပစ္စည်းတစ်ခုဖြစ်မလာနိုင်
လူတို့ ရပ်တည်ရာမြေပေါ်

အချပ်လိုက်ကွာကျနေသောသစ္စာတရားတို့ 
အပင်လိုက်ပွင့်ပြသော်လည်း
အလှတရားတို့ 
သဘာဝနဲ့ မလိုက်ဖက်တော့ပေ


.......... ဘယ်နေရာမှာရွာနေတာလဲ ..........


မေတ္တာတစ်ခုအတွက်
ဘ၀တွေကိုတစ်ထပ်ပြီးတစ်ထပ်
ပုဝါအဖြူနဲ့ ရစ်ပတ်ခဲ့သူတို့ 
မီးရောင်မဲ့ညတို့ ကြားမှာရှင်သန်ရပေါ့

အချစ်ဟုကြားမိပြီ
***** သဘာဝကပေးသောဆန်းကြယ်မှုတစ်ခုဖြစ်မည်ထင်သည် *****
အတွေ့ တို့ 
မိုးကုတ်စက်ဝိုင်းနံရံပေါ်
ယီးလေးခိုခဲ့ကြလေပြီ


၂၁.၉.၀၉ Green Night

Friday, September 11, 2009

အမှန်အတိုင်းလေ
ဖြစ်သင့်တာတွေလည်း ဖြစ်ခဲ့ပေါ့
ဒါဟာ
သဘာဝရဲ့ဓမ္မဓိဌါန်တရားပဲ


အချစ်တို့ ကဆုန်ပေါက် ကခုန်တဲ့ ည
နှင်းဆီရိုင်းတစ်ပွင့်ရဲ့
မနက်ဖြန်
ရတက်မအေးနိုင်ခဲ့


ဒီတစ်ကြိမ်နဲ့ 
မာနတွေအလံထူခွင့် မဲ့တယ်
ဘယ်မှာလဲ လွန်ဆန်တယ်ဆိုတဲ့ စကား


..............အမေ............
ဃရာဝါသ သံဝါသဆင့်
လူဖြစ်ခွင့်အပေါ်
ကျေးဇူး ဆိုဖို့ 
နောက်ကျနေခဲ့
ခွင့်လွှတ်ပါ


စက်တင်ဘာ ၉ ရက်နေ့ တစ်ဘ၀စာ အမှတ်တရနေ့ 

Wednesday, September 9, 2009

ဘယ်သူပြောတဲ့စကားဆိုတာတော့ကျုပ်လည်းအတိအကျကြီးမသိတော့ဘူး
သေချာတာတစ်ခုကကြားလာခဲ့တာပါ
မနက်ဖြန်ဆိုတာလူတွေရဲ့အသက်တွေကိုအိပ်မက်တွေနဲ့ စည်းထားတာတဲ့
ဟစ်ဟော့ပ်အဆိုရှင်တစ်ယောက်လည်းကမ္ဘာကြီးအတွက်တန်ဖိုးရှိတတ်တာပဲ
ရော့ခ်ကာတစ်ယောက်ဆီမှာလည်းစိန်ခြူးကြာညောင်မရှိဘူးလို့ ဘယ်သူအတတ်ပြောနိုင်လဲ.......ကဲ
ကြည့်စမ်း.....ခေတ်ပေါ်တဲ့..........ခြေသလုံးတွေဖွေးကနဲ.............ဖွေးကနဲအလစ်မှာ
မျက်လုံးတွေပြာနှမ်းသွားခဲ့.......ကျင်စက်နဲ့ တို့ သလိုမျိုး......ချစ်သူပြောတယ်........ညစာခက်မယ်တဲ့

လူတွေကတော့.........သူတို့ ကိုမွေးခဲ့ရက်အတွက်........ဒစ္စကိုဆလိုက်တွေနဲ့ 
တေးဂီတတွေနဲ့ .......ပြိုးပြိုးပြက်ပြက်အရောင်တွေလက်တယ်
ငါတို့ ခမျာ........ဘေတွေတက်လို့ .....တယ်လီဖုန်းလည်းမပြောနိုင်တယ်........ချစ်သူတွေတဲ့
မျက်နှာချင်း ....... ထမင်းဆိုင်မှာအထိုင်........ချိုမြိန်တယ်ဆိုရင်ပဲ ကြည်နူးစရာပေါ့
အမှတ်တရတွေများတယ် ကွယ်......... တစ်သက်စာတော့ဖြစ်တန်တယ်
တစ်လတာကာလရယ်လွမ်းမောဖွယ်ဒဏ်ရာအတိနဲ့ 
ချဉ်ခြင်းတပ် အချစ်တွေနဲ့ 

တွေ့ ဆုံခြင်းတစ်လပြည့် အမှတ်တရ

Wednesday, September 2, 2009

ကြည့်
ပြည်လမ်းပေါ် ရေပျော်ငါးများ
ချစ်သူမျှားလေ
ငါယုံကြည်တယ်
သူလား
မျက်နှာများသတဲ့


ငါ့ချစ်ခြင်းအား
ငါပြုစုထားသည့်စကားစုမှာ
မေတ္တာတရားမည်ဧ။်


အမှောင်သည်အလင်းကိုအရောက်လှမ်းနေဧ။်
ချစ်သူသည် သူ့ အတ္တအားမောင်းနှင်လျက်မြဲ
ငါသည် ငါ့နှလုံးသားနဲ့ အတူချစ်သူအားချစ်မြဲ
ယုံကြည်ကွယ်


ပြန်ကြစို့ ကွယ်
နေညိုပြီရယ်
တစ်ဘဝ
တစ်ခဏ
တစ်ခုသောညအတွယ်

စက်တင်ဘာ ၂ ရက်နေ့  ဒေါ်လာည
သြဂုတ်လ ကုန်နေ့ က
ဒေါ်လာရယ်...............
စက်တင် ဘာ တစ်ရက်နေ့ က
အိုင်တီရယ်...............
အသံတွေရယ်
သူရယ်
ကိုယ်ရယ်
သေခြင်းတရားတွေဆီကိုလှမ်း အ၀င်
နေရောင်ဟာ
ဝင်းကနဲ .......လက်ကနဲ

သြဂုတ် ၃၁ ရက်နေ့ နှင့် စက် တင်ဘာ တစ်ရက်နေ့  သို့ 